Tuesday, September 25, 2018

မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြား လယ်ယာကဏ္ဍဆိုင်ရာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး





Image may contain: 2 people, people smiling, people sitting, table and indoor
 နေပြည်တော် စက်တင်ဘာ ၂၄



စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး H.E.Mrs. Dorothee Janetzke - Wenzel နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြား လယ်ယာ ကဏ္ဍဆိုင်ရာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ ဘာလင်မြို့တွင်ကျင်းပမည့် (၁၁)ကြိမ်မြောက် Global Forum for Food and Agriculture (GFFA) သို့ တက်ရောက်ဆွေးနွေးရန်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏စားနပ်ရိက္ခာ နှင့် အာဟာရဖူလုံမှု တိုးတက်ရေး၊ ကျေးလက်ဒေသ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး ဆောင်ရွက်မှုကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငါးမွေးမြူရေးအစီအစဉ် (MYSAP) စီမံကိန်းအား လက်မှတ်ရေးထိုးအကောင်အထည်ဖော် ဆောင် ရွက်နေမှုများ၊ မဟာဓာတ်အားလိုင်း ပြင်ပလျှပ်စစ်မီးလင်းရေးလုပ်ငန်းများအား ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဂျာမနီနိုင်ငံသို့ တိရစ္ဆာန် မွေးမြူ ရေးနှင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ကာလတိုသင်တန်းနှင့် ဘွဲ့လွန်သင်တန်းများ စေလွှတ်သင်ကြားနိုင်ရေး ကိစ္စရပ်များ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထုတ်ကုန်ပစ္စည်းများ ကုန်သွယ်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။
သတင်းစဉ်

No comments:

Post a Comment