Tuesday, September 4, 2018

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအစည်းအဝေး ကျင်းပ

Image may contain: 3 people, people sitting, table and indoor
နေပြည်တော် စက်တင်ဘာ ၃
၂ဝ၁၈-၂ဝ၁၉ ခုနှစ် ပြည်ထောင်စု ၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုလွှတ်တော်Dဆောင် ဒုတိယထပ်အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)ဦးခင်မောင်ဝင်း၊ ဥပဒေကြမ်းပူးပေါင်း ကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့မှ ဒုတိယဥက္ကဋ္ဌ များ၊ အတွင်းရေးမှူးများ၊ တွဲဖက် အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ပြည်ထောင်စု လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment