Tuesday, September 4, 2018

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: 4 people, people sitting, table and indoor
နေပြည်တော် စက်တင်ဘာ ၃
ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား ရေးလုပ်ငန်းကော်မတီ၏ (၁/၂ဝ၁၈) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့်အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူ များ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ က ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီအတွက် လုပ်ငန်းတာဝန်များကိုလည်း ချမှတ်ပေးထားပြီးဖြစ်ကြောင်း၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများကို လုပ်ထုံး လုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ နေရာချရန် ကျေးရွာနေရာများ သတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ သဘောတူညီ ချက်ဖြင့် ဝင်ရောက်ပြီးပါက လုပ်ငန်းအစီအစဉ်များအတိုင်း ဆောင်ရွက်ပြီး ကျေးရွာများကို ကျေးရွာအင်္ဂါရပ်နှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆောက်လုပ် ရေးပိုင်း အခြေအနေများအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြစေလိုကြောင်း၊ နေအိမ်များ ပြန်လည် ဆောက်လုပ်ရာတွင် လုပ်ငန်းတာဝန်များအတိုင်း UN-Habitatမှ အကြံပြုချက်များကို အခြေခံ၍ ဆောက်လုပ် ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားကာ လုပ်ငန်းကော်မတီပူးတွဲဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံက လုပ်ငန်းတာဝန်တစ်ခုချင်း အလိုက် ဆောင်ရွက်ရမည့်အပိုင်းများကို ရှင်းလင်းပြော ကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဝင်များက ၎င်းတို့ ဆောင်ရွက်နေရသည့် ကဏ္ဍအသီးသီးနှင့်ပတ်သက်၍ ဆောင်ရွက်ပြီး/ဆောင်ရွက်ဆဲအခြေအနေများ၊ သီးခြား လိုအပ်ချက်များ၊ အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment