Tuesday, September 4, 2018

ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးထွန်းထွန်းဟိန်နှင့်အဖွဲ့ စင်ကာပူနိုင်ငံသို့ ထွက်ခွာ

Image may contain: 5 people, people smiling, people standing, suit and indoor
ရန်ကုန် စက်တင်ဘာ ၃
ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်နှင့်အဖွဲ့ သည် စင်ကာပူနိုင်ငံ၌ စက်တင်ဘာ၃ ရက်မှ ၇ ရက်အထိ ကျင်းပမည့် (၃၉) ကြိမ်မြောက် အာဆီယံပါလီမန် များ အထွေထွေညီလာခံ (39th AIPA General Assembly) သို့ တက် ရောက်ရန် ယနေ့နံနက် ၇ နာရီခွဲက ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။
ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယကနှင့်အဖွဲ့အား ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
ခရီးစဉ်တွင် လွှတ်တော်ကိုယ်စား လှယ်များဖြစ်ကြသော ဦးဇော်သိန်း၊ ဒေါ်စုစုလွင်၊ ဒေါက်တာသန်းဝင်း၊ ဦးအောင်ကြည်ညွန့်နှင့် လွှတ်တော်ရုံး မှ တာဝန်ရှိသူများ လိုက်ပါသွားကြ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment