Thursday, September 27, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၆၉)နှစ်မြောက် တရုတ်ပြည်သှူသမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြုအခမ်းအနားတက်ရောက်




Image may contain: 1 person, flower and indoor
 နေပြည်တော် စက်တင်ဘာ ၂၆



(၆၉)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်းဂုဏ်ပြုအခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေးတို့ တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန် မြတ်နှင့်ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီး ဒေါ်အေးသီတာ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ¤င်းတို့၏ ဇနီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် ဇနီး၊ သံအမတ်ကြီးများ၊ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြ သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်၍ အလေးပြုကြ သည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ဂုဏ်ပြုစကားပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ဂုဏ်ပြုစကား ပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၆၉)နှစ်မြောက် နှစ်ပတ်လည်အခါသမယတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရ၊ ပြည်သူများနှင့် သံအမတ်ကြီးတို့အား ဂုဏ်ယူဝမ်းမြောက်ကြောင်းကို ပြောကြားလိုပါကြောင်း။
လွန်ခဲ့သည့် (၆၉)နှစ်တာကာလအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စတင်ထူထောင်ချိန်ကစပြီး အထူးသဖြင့် လွန်ခဲ့ သည့် အနှစ်(၄ဝ) ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒကို ကျင့်သုံးချိန်ကစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် စီးပွားရေး သာမက ဘက်စုံကဏ္ဍစုံတွင် ထူးထူးခြားခြား ကြီးကြီးကျယ်ကျယ် အံ့မခန်း ဖွံ့ဖြိုးတိုးတက်ခဲ့ပါကြောင်း။
တရုတ်ပြည်သူများ၏ (၆၉)နှစ်တာ ကြိုးပမ်းအားထုတ်မှု များကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ယခုအချိန် တွင် ကမ္ဘာ၌ စီးပွားရေးဖွဲ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံးနှင့် ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီး ကမ္ဘာ့အရေးကိစ္စများနှင့် က္ဘာ့စီးပွားရေးတွင် အရေးပါသည့် နိုင်ငံကြီး တစ်နိုင်ငံအဖြစ် ဝင့်ထည်စွာ ရပ်တည်လျက်ရှိပြီဖြစ် ပါကြောင်း။
ထိုသို့ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုများကို ကမ္ဘာ့ နိုင်ငံအများအပြားနှင့် မျှဝေခံစားနိုင်ရန်၊ ပူးပေါင်းပြီး ခိုင်မာ အောင် တည်ဆောက်နိုင်ရန် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု စီမံကိန်းကြီး သည် က္ဘာကြီးအတွက် အပြုသဘောဆောင်သည့် ဖွံ့ဖြိုး တိုးတက်မှုအသစ်များကို ဆောင်ကြဉ်းပေးနိုင်မည်ဟု မျှော်လင့် ပါကြောင်း၊ ပေကျင်းမြို့တွင် ယမန်နှစ် မေလက ကျင်းပခဲ့သည့် ''ရပ်ဝန်းနဲ့ ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် ရေးဖိုရမ်''မှ သဘောတူညီချက်များ၊ တိကျရှင်းလင်းသည့် ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းများကို ရရှိခဲ့ပြီး ရပ်ဝန်း နှင့် ပိုးလမ်းမစီမံကိန်းများ အကောင်အထည်ဖော်မှုကို ပိုမို မြှင့်တင်နိုင်မည့် ယ္တရားကိုလည်း အထောက်အကူဖြစ်စေ ခဲ့ပါကြောင်း။
သက်တမ်းရှည်ကြာစွာ ဖြစ်ထွန်းခဲ့
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်ချိန်ကစပြီး နှစ်နိုင်ငံ အကြားတွင် တည်ထောင်ခဲ့သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးသည် သက်တမ်းရှည်ကြာစွာ ဖြစ်ထွန်း ခဲ့ပြီဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား လွန်ခဲ့သည့် (၆၈)နှစ်တာ ကာလအတွင်းကစပြီး အပြန်အလှန်ဖလှယ်မှုများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများကတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် အခြားနယ်ပယ်ကဏ္ဍစုံတို့တွင် သိသာထင်ရှားစွာ အောင်မြင်တိုးတက်မှုများ ရရှိ လာသည်ကိုလည်း ဂုဏ်ယူဝမ်းမြောက်ဖွယ် တွေ့မြင်ရပါ ကြောင်း။
ယနေ့အချိန်တွင် မိမိတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ''ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး''အဆင့် အထိ တိုးမြှင့်နိုင်ခဲ့ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်၏ မူဘောင်များနှင့်အညီ အပြန်အလှန် လေးစားမှုနှင့် နားလည်မှုကို အခြေခံပြီး နီးကပ်သည့် ပူးပေါင်း ဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံမှုများကို ပိုမိုကျယ်ပြန့် နက်ရှိုင်းအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
အပြန်အလှန်ယုံကြည်မှုကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ခဲ့
နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များ၏ အပြန်အလှန် ခရီးစဉ်များသည် နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ ဥပမာအနေဖြင့် တရုတ်ပြည်သှူသမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ၊ နိုင်ငံရေးဗျူရို အဖွဲ့ဝင် မစ္စတာ ဟွမ်ခွင်းမင်၏ ဇူလိုင်လအတွင်းက မြန်မာနိုင်ငံ ခရီးစဉ်တွင် တရုတ်ပြည်သှူသမ္မတနိုင်ငံ သမ္မတ မစ္စတာရှီ၏ “ The Governance of China” (မြန်မာဘာသာပြန်) စာအုပ် စတင်ထုတ်ဝေသည့်အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ပြီး စာပေမှတစ်ဆင့် ပြည်သူချင်း ဆက်ဆံရေးနှင့် နားလည်မှုတို့ကိုလည်း မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ မိမိကိုယ်တိုင် လည်း မကြာမီရက်ပိုင်းအတွင်းက တရုတ်ပြည်သှူသမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပခဲ့သည့် (၁၅)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးများကို တက်ရောက်ခဲ့ ပြီး နှစ်နိုင်ငံအကြား စီးပွားရေးနှင့် အခြားနယ်ပယ်စုံ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ဒေသတွင်းနိုင်ငံများနှင့်ပါ ချိတ်ဆက်မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးခွင့်ရရှိခဲ့ပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အကြီးမားဆုံး စီးပွားရေး မိတ်ဖက်နိုင်ငံအဖြစ်နှင့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံ ရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းထားနိုင်ခဲ့သည်ကို အထူး ကျေနပ်အားရမိပါကြောင်း၊ ထိုသို့ ကောင်းမွန်သည့် ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အနာဂတ်တွင်လည်း မြန်မာ-တရုတ်စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းကြီးအောက်တွင် ဆက်လက်တိုးတက်နေမည်ဟု ယုံကြည်ပါကြောင်း။
အထူးကျေးဇူးတင်ရှိ
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစရှိသည့်ကဏ္ဍများတွင် အကူအညီ များစွာ ပေးအပ်ခဲ့သည့်အတွက် မြန်မာနိုင်ငံ ပြည်သူများနှင့် အစိုးရကိုယ်စား မိမိအနေဖြင့် အထူးကျေးဇူးတင်ရှိကြောင်း ကိုလည်း အခွင့်ကြုံခိုက် ပြောကြားလိုပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးသည် မြန်မာနိုင်ငံအတွက်သာမက မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်း ရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများအတွက် လည်း အရေးပါလှပါကြောင်း။
ရခိုင်ပြည်နယ်အရေးကိစ္စဖြေရှင်းရန် မိမိတို့အစိုးရ၏ ကြိုးပမ်းအားထုတ်မှုမှာ ဒေသတွင်းသာမက နိုင်ငံတကာ အသိုက်အဝန်းမှာပါ တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ် အပြု သဘောဆောင်သည့် အားပေးထောက်ခံမှုများအတွက်လည်း များစွာ တန်ဖိုးထားသည်ကို ပြောကြားလိုပါကြောင်း။
ယခုကဲ့သို့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် (၆၉)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြုအခမ်းအနားတွင် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သှူ သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံရေး ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် မိမိတို့ အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထပ်လောင်း ပြောကြားလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး နှင့် ဇနီးတို့က (၆၉)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြုကိတ်မုန့်ကို အတူတကွ လှီးဖြတ်ပေးကြပြီး အခမ်း အနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အတူ အခမ်းအနားသို့ တက်ရောက်လာကြသူများသည် အနုပညာရှင်များ၏ ရိုးရာ ယဉ်ကျေးမှု၊ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး အနုပညာရှင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် ဇနီးနှင့် တက်ရောက်လာ ကြသူများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သှူသမ္မတနိုင်ငံ သံအမတ်ကြီးနှင့်ဇနီးတို့က (၆၉)နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
သတင်းစဉ်

No comments:

Post a Comment