Thursday, September 27, 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မသန်စွမ်းသူများ အကျုံးဝင်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့ တက်ရောက်အမှာစကားပြောကြား




Image may contain: 8 people, people sitting, table, text and indoor
 နေပြည်တော် စက်တင်ဘာ ၂၆



မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီက ကျင်းပ သည့် မသန်စွမ်းသူများ အကျုံးဝင်ဖွံ့ဖြိုး တိုးတက်ရေးဖိုရမ်ကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အဖွင့် အမှာစကား ပြောကြားသည်။
ဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်နှင့် ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်
ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်များ၊ မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Daniel Patrick Berndon Chugg ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် နှင့် မြန်မာနိုင်ငံ မသန်စွမ်းအမျိုးသမီးအသင်းမှ တာဝန်ရှိသူများ၊ ဖိုရမ်ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးသည့် Department for International Development (DFID) အကြီးအကဲ Dr. Gail Marzettiနှင့် တာဝန်ရှိသူများ၊ ပြည်တွင်း ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် ရောက်ရှိမည်
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများတွင် ပြုလုပ်ခဲ့သည့် သုတေသန မှတ်တမ်းများအရ မသန်စွမ်းသူများသည် ¤င်းတို့၏ နေ့စဉ်ဘဝ တွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အတားအဆီးများ ကြောင့် လူ့အခွင့်အရေးများကို အများနည်းတူရရှိခံစားနိုင်ခြင်း မရှိသည့်အပြင် လူမှုစီးပွားဘဝကဏ္ဍစုံတွင်လည်း သန်စွမ်းသူများ နှင့် နှိုင်းယှဉ်ကြည့်လျှင် သိသာထင်ရှားသည့် ကွာဟချက် များစွာရှိသည်ကို တွေ့ရှိရပါကြောင်း၊ မသန်စွမ်းသူများ ရင်ဆိုင် နေရသည့် ဆင်းရဲနွမ်းပါးမှုအပါအဝင် ကွာဟချက်များကို လျှော့ချနိုင်မှ မသန်စွမ်းသူများအားလုံးအကျုံးဝင်သည့် ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင်ကို ရောက်ရှိမည်ဖြစ်ပါကြောင်း။
မိမိတို့ မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ အခွင့် အရေးများကို ပိုမိုအလေးထားဆောင်ရွက်နိုင်ရန် မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်တွင် အတည်ပြုလက်မှတ်ရေးထိုး ခဲ့ပါကြောင်း၊ ယင်းနောက် ကွန်ဗင်းရှင်းနှင့်အညီ မသန်စွမ်းသူများ ၏ အခွင့်အရေးဥပဒေ (၂ဝ၁၅)ကို လည်းကောင်း၊ မသန်စွမ်းသူ များ၏ အခွင့်အရေးနည်းဥပဒေများ(၂ဝ၁၇)ကို လည်းကောင်း၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (၂ဝ၁၆-၂ဝ၂၅)ကိုလည်းကောင်း အတည်ပြု ချမှတ်နိုင်ခဲ့ပါကြောင်း။
အမျိုးသားကော်မတီအစည်းအဝေးများကို ၂ဝ၁၇ ခုနှစ် တွင် (၁)ကြိမ်၊ ၂ဝ၁၈ ခုနှစ်တွင် (၁)ကြိမ် ကျင်းပခဲ့ပြီး လုပ်ငန်း ကော်မတီအစည်းအဝေးနှင့် မသန်စွမ်းရန်ပုံငွေတစ်ရပ် ထူထောင်ရေးနှင့် ပတ်သက်သည့် အစည်းအဝေးများကိုလည်း ၂ဝ၁၈ ခုနှစ်အတွင်း၌ (၁)ကြိမ်စီ ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းအစည်းအဝေးများမှ မသန်စွမ်းသူများ အကျုံးဝင်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်စပ်သည့် ဆုံးဖြတ်ချက်များကို ချမှတ် နိုင်ခဲ့ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းမှုအလိုက် ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတို့ကို ပိုမိုမြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ ရက် ၁ဝဝ လုပ်ငန်း စီမံချက်အရ ကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်းသူများ ဆိုင်ရာ ကွန်ဗင်းရှင်းများကို အမြင်အာရုံချို့ယွင်းမသန်စွမ်းသူ များ လက်လှမ်းမီသိရှိနိုင်ရေးအတွက် မျက်မမြင်စာနှင့် ပုံနှိပ် ထုတ်ဝေခြင်း၊ အမြင်အာရုံ ချို့ယွင်းမသန်စွမ်းသူများအတွက် မျက်မမြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ အကြားအာရုံ ချို့ယွင်းမသန်စွမ်းသူများအတွက် လည်း နားမကြားသူများအတွက် သတင်းအချက်အလက်များ လက်လှမ်းမီရရှိနိုင်ခွင့်သေချာစေရေး စီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး အကျိုးရလဒ်အဖြစ် အမျိုးသမီး နှင့် မသန်စွမ်းသူများဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ဥပဒေတို့ကို လက်သင်္ကေတပြ ဘာသာစကားနှင့် ပြုစုထုတ်ဝေနိုင်ခဲ့ပါ ကြောင်း၊ ထို့ပြင် အကြားအာရုံ ချို့ယွင်းမသန်စွမ်းသူများ လူ့အဖွဲ့အစည်းအတွင်း ဆက်သွယ်ပြောဆိုနိုင်ရန်အတွက် အထောက်အကူပြုစေမည့် လက်သင်္ကေတပြ ဘာသာစကား တတ်ကျွမ်းသည့် စကားပြန်များ မွေးထုတ်ပေးရန်အပြင် လက်သင်္ကေတပြ ဘာသာစကား ကူညီပံ့ပိုးသူများသင်တန်း တို့ကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း။
ကိုယ်အင်္ဂါ ချို့ယွင်းမသန်စွမ်းသူများအတွက် အလုပ် အကိုင်ဖန်တီးပေးရေး ရည်ရွယ်ပြီး မှိုစိုက်ပျိုးရေးအသိပညာပေး သင်တန်းများ ဖွင့်လှစ်ပေးသည့်အပြင် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ယူတတ်မြောက်နိုင်ရေးအတွက်လည်း စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ အလုပ် အကိုင်အခွင့်အလမ်းပိုမိုရရှိနိုင်ရန် မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းဆိုင်ရာ မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် လက်စွဲစာအုပ်ကိုလည်း ပြုစုလျက်ရှိပါကြောင်း။
ငွေကြေးထောက်ပံ့ပေးနိုင်
နည်းပညာခေတ်နှင့်အညီ ဉာဏ်ရည်ချို့ယွင်းမသန်စွမ်းသူ အပါအဝင် မသန်စွမ်းသူများ နည်းပညာ၏ အကူအညီဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိမှု ပိုမိုမြင့်မားစေရန်၊ သတင်း အချက်အလက်တို့ကို လက်လှမ်းမီသိရှိနိုင်စေရန် Infor-mation, Communication, Technology Training Center ကို ဖွင့်လှစ်ပြီး သင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ ထို့ပြင် မသန်စွမ်းသူများကို ငွေကြေးထောက်ပံ့ပေးမှုအဖြစ် ၂ဝ၁၇-၂ဝ၁၈ ဘတ်ဂျက်တွင် ၁၂၈၅၅ ဦး၊ ၂ဝ၁၈-၂ဝ၁၉ (၆)လဘတ်ဂျက်တွင် ၁၂၁၂၉ ဦးကို ထောက်ပံ့ပေးနိုင်ခဲ့ပါ ကြောင်း၊ မသန်စွမ်းမှုနှင့် ဆက်စပ်သည့် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နေပြီး မိုင်းဒဏ် သင့် ပြည်သူများကိုလည်း၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှစတင်၍ ကချင်ပြည်နယ်တွင် ၁၁၂ ဦး၊ ကယားပြည်နယ်တွင် ၁၆ ဦး၊ ကရင်ပြည်နယ်တွင် ၃၉ ဦး၊ ရှမ်းပြည်နယ်တွင် ၈၅ ဦး၊ ပဲခူး တိုင်းဒေသကြီးတွင် ၆၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၈၆ဦး စုစုပေါင်း ၄ဝဝအတွက် ငွေကြေးထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း။
ယနေ့အချိန်တွင် မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ကို မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ က အဆိုပြုခဲ့သည့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကတိကဝတ် (၇)ချက်ကို မိတ်ဆက်အသိပေးရန် မသန်စွမ်းသူများ အကျုံးဝင် ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်ရာတွင် အစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက် ရာတွင် လိုအပ်သည့် အချက်များကို ရှာဖွေဖော်ထုတ်ရန် စသည့်ရည်ရွယ်ချက်များနှင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း။
ယနေ့ပြုလုပ်သည့် ဖိုရမ်တွင် သက်ဆိုင်ရာ နယ်ပယ် အသီးသီးက ကျွမ်းကျင်သူများအနေဖြင့် မသန်စွမ်းသူများ အတွက် အလုပ်အကိုင်၊ လူတိုင်းအကျုံးဝင်ပညာရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ၊ သဘာဝဘေးနှင့် အခြားအရေး ပေါ်အခြေအနေတို့နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း။
မသန်စွမ်းသူများကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ခွင့်
မသန်စွမ်းသူများ၏ အကျုံးဝင်ပါဝင်မှုဆိုသည်မှာ သီးသန့် အစီအစဉ်နှင့် ထောက်ပံ့ပေးခြင်းမဟုတ်ဘဲ မသန်စွမ်းသူများ ကိုယ်တိုင် လက်လှမ်းမီပါဝင်ဆောင်ရွက်နိုင်ခွင့်ရရှိခြင်း ဖြစ်ပါ ကြောင်း၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို အောင်မြင်အောင် အားထုတ်ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ၂ဝ၃ဝ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ မည်သူမျှ နောက်ကျမကျန် စေရေးဆိုသည့် အခြေခံမူကို ပြည့်မီနိုင်မည့် မှန်ကန်သည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း။
ထို့ကြောင့် ယနေ့ကျင်းပသည့် ဖိုရမ်သည် မြန်မာနိုင်ငံ အတွင်းရှိ မသန်စွမ်းသူများ အကျုံးဝင်သည့် လူမှုအသိုက်အဝန်း တစ်ရပ် ဖော်ဆောင်ရေးအတွက် အရေးကြီးပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Daniel Patrick Berndon Chugg က အမှာစကားပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်၊ မြန်မာနိုင်ငံ မသန်စွမ်းအမျိုးသမီးအသင်းနှင့် မသန်စွမ်းသူများအား ကူညီပံ့ပိုးပေးသည့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မှတ်တမ်းဓာတ်ပုံရိုက်ပြီး အခမ်းအနားပထမပိုင်းကို ရပ်နားသည်။
ဖိုရမ်ပထမပိုင်းအပြီးတွင် ဒုတိယသမ္မတသည် ကချင် ပြည်နယ်အတွင်းရှိ ပဋိပက္ခများကြောင့် နေရာပြောင်းရွှေ့ခြင်း ခံရသော မသန်စွမ်းသူများ၏ဘဝ ပိုမိုတိုးတက်ရေးစီမံကိန်း မှတ်တမ်းများနှင့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြ သူများ၏ လူနေမှုဘဝဓာတ်ပုံများအား လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ဖိုရမ်ဒုတိယပိုင်းအစီအစဉ်များကို ဆက်လက် ကျင်းပရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ Social Policy and Poverty Research Group (SPPRG) မှ နည်းပညာအကြံပေး ဒေါက်တာအောင်နိုင်နှင့် မြန်မာနိုင်ငံ မသန်စွမ်းအမျိုးသမီး အသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အေးမောင်တို့က ဆွေးနွေးမည့် ကဏ္ဍများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် အလုပ်အကိုင်ကဏ္ဍတွင် မြန်မာနိုင်ငံ မသန်စွမ်း သူများအသင်းချုပ် အတွင်းရေးမှူး ဦးမြတ်သူဝင်းက ဦးဆောင် ဆွေးနွေးပြီး Mrs. Vicky Bowman ၊ ဒေါ်ဝါဝါကြွယ်၊ ဒေါ်ခင်မျိုးစုနှင့် ဒေါ်မြတ်သာထွေးတို့က လည်းကောင်း၊ လူတိုင်း အကျုံးဝင်ပညာရေးကဏ္ဍတွင် မြန်မာနိုင်ငံ အမျိုးသမီး မသန်စွမ်း သူများအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အေးမောင်က ဦးဆောင် ဆွေးနွေးပြီး ဒေါက်တာမေစန်းရီ၊ ဦးထာအုပ်၊ ဒေါ်အေးသဉ္စာ မောင်နှင့် ဒေါ်စုစုမာတို့က လည်းကောင်း၊ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေကဏ္ဍတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆက်အောင်က ဦးဆောင် ဆွေးနွေးပြီး ဦးနေထွန်း၊ ဒေါက်တာကိုကိုဦး၊ ဦးကျော်ဝင်းထွဋ်နှင့် ဒေါ်ဖြူလဲ့လဲ့ထွန်းတို့ကလည်းကောင်း၊ သတင်းအချက်အလက် နှင့် နည်းပညာကဏ္ဍတွင် Social Policy and Poverty Research Group (SPPRG) မှ နည်းပညာအကြံပေး ဒေါက်တာအောင်နိုင်က ဦးဆောင်ဆွေးနွေးပြီး ဒေါက်တာကေသီ ကျော်၊ ဦးဇော်လင်းထွန်း၊ ဦးသိန်းဟန်နှင့် ဦးအောင်ကျော်စိုး တို့က ဆွေးနွေးကြကာ မြန်မာနိုင်ငံ အမျိုးသမီးမသန်စွမ်းသူများ အသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အေးမောင်နှင့် Social Policy and Poverty Research Group (SPPRG)မှ နည်းပညာ အကြံပေး ဒေါက်တာအောင်နိုင်တို့က ပြန်လည်သုံးသပ် ဆွေးနွေးကြသည်။
ထို့နောက် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် အတွင်းရေးမှူး ဦးမြတ်သူဝင်းက ကျေးဇူးတင်စကား ပြောကြား ပြီး ဖိုရမ်ဒုတိယပိုင်းကို ရုပ်သိမ်းလိုက်သည်။
ယနေ့ဖိုရမ်တွင် အလုပ်အကိုင်ရရှိရေး၊ ပညာရေး၊ သတင်း အချက်အလက်နည်းပညာ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် မိုင်းအန္တရာယ်အသိပညာပေးရေးကဏ္ဍတို့၌ ကျွမ်းကျင်သူများ က မသန်စွမ်းသူများ အကျုံးဝင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပြည့်စုံကျယ်ပြန့်သော မူဝါဒများနှင့် နည်းလမ်းများကို လေ့လာ ရန်နှင့် ပြည့်စုံသောသုတေသနပြုမှုတို့ကို အလေးထား ဆွေးနွေး ခဲ့ကြသည်။ သတင်းစဉ်

No comments:

Post a Comment