Thursday, September 27, 2018

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် High-Level Meeting on Action for Peacekeeping သို့ တက်ရောက်








နယူးယောက် စက်တင်ဘာ ၂၆
 
(၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေ ထွေညီလာခံတက်ရောက်ရန် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ရောက် ရှိနေသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၂၅ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ တွင် ကုလသမဂ္ဂဌာနချုပ်ရှိ Trustee-ship Council ခန်းမ၌ ကျင်းပသော High-Level Meeting on Action for Peacekeepingသို့ တက်ရောက် သည်။
အဆိုပါ အစည်းအဝေးတွင် မြန်မာ နိုင်ငံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၄၅ နိုင်ငံက Declaration of Shared Commitments on Peacekeeping Operations ကို ထောက်ခံအတည်ပြုခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ လိင် အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စား လှယ် Ms. Pramila Patternနှင့် လည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီး Mr. Filippo Grandiနှင့် လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သိရှိ ရသည်။
သတင်းစဉ်
ဓာတ်ပုံ-နိုင်ငံခြားရေးဝန်ကြီးဌာန

No comments:

Post a Comment