Tuesday, September 4, 2018

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကော့ကရိတ်ခရိုင်နှင့် မြို့နယ် ရေဘေးသင့်ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်

Image may contain: 9 people, people sitting
ကော့ကရိတ် စက်တင်ဘာ ၃
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ဝန်ကြီးများ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စက်တင်ဘာ ၁ ရက် မွန်းလွဲပိုင်းက ကော့ကရိတ်ခရိုင်နှင့် မြို့နယ် တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရေဘေးသင့်ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကော့ကရိတ်ခရိုင်နှင့် မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး အားပေးစကားပြောကြားကာ ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးမှူးက ရေကြီးနစ်မြုပ်မှုအခြေအနေနှင့် ကယ်ဆယ်ထောက်ပံ့မှုများဆောင်ရွက်ပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး
ဦးစောမြင့်ဦးက ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးလယ်ဧကများ
အတွက် ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့်ူရီးယား ဓာတ်မြေသြဇာအိတ် ၃ဝဝ ကို လွှဲပြောင်းပေးအပ်ရာ နောင်တပွဲ၊ နောင်ထပ္ပံ၊ ထီးဖိုးစံ၊ နောင်ကိုင်း၊ တမိုင်ကုန်းကျေးရွာများမှ တောင်သူ များက လက်ခံရယူခဲ့ကြပြီး ကော့ကရိတ်မြို့နယ်အတွင်း မိုးစပါး ၅၈၇၅ ဧက ရေလွှမ်းခဲ့ရာ ၅၁၄၇ ဧက ထိခိုက်ခဲ့ပြီး ၃၁၇၉ ဧက
ပျက်စီးခဲ့ကြောင်းနှင့် ၈၃၇ ဧက ပြန်လည်စိုက်ပျိုးပြီးဖြစ်ကြောင်း သိရ
သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကျွဲ၊ နွား အစာအိတ် ၅ဝ နှင့် ဆေးဝါးများကို ထောက်ပံ့ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရေကြီးရေလျှံမှုကြောင့် ကော့ကရိတ်ခရိုင်၊ မြို့နယ် ရေဘေးသင့်ဝန်ထမ်းများအား ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက် အစရှိသည့် စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ကော့ကရိတ်မြို့နယ်တွင် ဇူလိုင်လနှင့် သြဂုတ်လများတွင် ရေကြီး
ရေလျှံမှုနှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး မိုးစပါးစိုက်ဧက ၃၁၇၉ ဧက ပျက်စီးခဲ့ကာ မြေသားလမ်း ၄၃ မိုင် ၂ ဖာလုံ၊ ကွန်ကရစ်လမ်းပေ ၅၅ဝ၊ ကတ္တရာလမ်းပေ ၅၃ဝ၊ တံတားနှစ်စင်းတို့ ပျက်စီးခဲ့ပြီး လမ်း၊ တံတား ပျက်စီးဆုံးရှုံးမှုခန့်ခန်းတန်ဖိုး ၂၂၄ ဒသမ ၄ဝ သန်းခန့်ရှိကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခုတင် ၁ဝဝ ဆံ့ ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံ သို့ သွားရောက်ပြီး ဆေးရုံတက်ရောက်ကုသနေကြသည့် လူနာ ၁၂၃ ဦးအား စားသောက်ကုန်နှင့် အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကာ ဂျိုင်း-ကော့ကရိတ် ပွန်တွန်းတံတား ကော့ကရိတ်ဘက်ခြမ်း အတက်လမ်း အကျယ် ကိုးပေမှ ၁၂ ပေအကျယ်သို့ တိုးချဲ့နေမှုအား ကြည့်ရှုခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရေဘေးသင့် ဒေသများရှိ ကျွဲ၊ နွားများအား ရေကျပြီးနောက်ပိုင်း ကျန်းမာရေးစောင့်
ရှောက်မှု ဆောင်ရွက်ပေးသည့်အနေဖြင့် ဘားအံမြို့နယ် နောင်အီပုန်းကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တောင်သူ ၃၉ ဦး၏ နွား အကောင် ၁၅ဝ အား လည်ချောင်းကွဲ၊ ပေါင်ပုပ်၊ လက်ပုပ် ကာကွယ်ဆေး ထိုးပေးနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment