Tuesday, September 4, 2018

ဆိုင်အတွင်းသို့ဝင်ရောက်၍ ခြိမ်းခြောက်ပိုက်ဆံတောင်းသူများအား ဖော်ထုတ်အရေးယူ

Image may contain: one or more people
ရန်ကုန် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် (၄)ရပ်ကွက် ပါရမီကားဝင်းရှေ့ One Stop Mart ဆိုင်တွင် စက်တင်ဘာ ၃ ရက် နံနက် ၁ နာရီခန့်က ညအရောင်း ဝန်ထမ်း ဝေလင်းအောင်(၂၂)နှစ်နှင့် မနန်း ဇင်ဝင်း(၂၃)နှစ်တို့သည် အရောင်းကောင်တာ၌ ငွေ ရေတွက်နေစဉ် အမျိုးသား သုံးဦးရောက်ရှိ လာပြီး ကောင်တာအတွင်းမှ ငွေကျပ် ၇၇၁၄ဝဝ အား ယူဆောင်ပြေးထွက်သွားသည်။
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီး ရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များကဆိုင်ရှိ CCTV မှတ်တမ်းအား ကြည့်ရှုပြီး လိုက်လံ စုံစမ်းရှာဖွေစဉ် နံနက် ၃ နာရီ ၅၅ မိနစ်တွင် ပါရမီလမ်းနှင့် ဝေဇယန္တာမီးပွိုင့် အနီး၌ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သည့် တောင်ဥက္ကလာပမြို့နယ်နေ ဖိုးလပြည့်(ခ)ချီးပုအား ဖမ်းဆီးရမိသဖြင့် စစ်ဆေးရာ ပြစ်မှုကျူးလွန်ရာတွင် ၎င်းနှင့်အတူ ပါဝင်ခဲ့သူ များမှာ မြောက်ဥက္ကလာပမြို့နယ်နေ ကျော်မင်းထွန်း၊ တောင်ဥက္ကလာပမြို့နယ်နေ သော်ဦးဇင်(ခ)တရုတ်လေးတို့ဖြစ်ကြောင်း သိရှိရပြီး ဖိုးလပြည့်(ခ)ချီးပုထံမှ စက်တင်ဘာ ၂ ရက် ရက်စွဲဖြင့် SKY WAY KTV ဆိုင်၏ ကျသင့်ငွေစုစုပေါင်း ၅၃ဝ၂၅ ကျပ်ပါ ဘောက်ချာ နှစ်ရွက်၊ ငွေကျပ် ၄၄ဝဝဝ တို့ကို သိမ်းဆည်းရမိသဖြင့် ဖမ်းဆီး အရေးယူဆောင်ရွက်ထားကြောင်း သိရ သည်။
ကိုရဲ

No comments:

Post a Comment