
ရုရှားနှင့် ၎င်း၏မဟာမိတ် ဆီးရီးယား သမ္မတ ဘာရှားအယ်လ်အာဆတ် အစိုးရက ဆီးရီးယားနိုင်ငံ အီဒလစ် ပြည်နယ်တွင် လေကြောင်းမှ စီးနင်း တိုက်ခိုက်မှုများကို ၂၂ ရက်ကြာ ရပ်နားထားရာမှ စက်တင်ဘာ ၄ ရက် တွင် တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ် ခဲ့သည်။
ဆီးရီးယား သူပုန်များလက်တွင် နောက်ဆုံးကျန်ရှိနေသည့် အီဒလစ် ပြည်နယ်၌ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်းနှင့် ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်းသည် ယင်းပြည်နယ်၌ အစုလိုက် အပြုံလိုက် လူများအား သတ်ဖြတ်မှုဖြစ်စေလိမ့်မည်ဟု တူရကီ သမ္မတ ရီဆက်တေရစ်အာဒိုဂန်၏ မှတ်ချက်ပြုပြောကြားခြင်းကို စက်တင် ဘာ ၅ ရက်ထုတ် သတင်းစာ၌ ဖော်ပြ သည်။
အဆိုပါဒေသတွင် ဒုံးကျည်မိုးကြီး ရွာချပါက အလွန်စိုးရိမ်ဖွယ်ကောင်း သည့် အစုအပြုံလိုက်သတ်ဖြတ်မှုကြီး ဖြစ်ပေါ်လာနိုင်ကြောင်း ကာဇက်စတန် နိုင်ငံသို့ တရားဝင်ခရီးသွားရောက်ပြီး နောက် အပြန်ခရီးတွင် လေယာဉ်ပေါ် ၌ သတင်းထောက်များအား တူရကီ သမ္မတက ပြောကြားခဲ့ကြောင်း ဟာရီ ယတ်နေ့စဉ်သတင်းစာ၌ ဖော်ပြသည်။
ဆီးရီးယားနိုင်ငံ အနောက်တောင် ပိုင်းဒေသရှိ အီဒလစ်ပြည်နယ်အနီး တွင် အဓိကကျသော ချေမှုန်း တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် ဆီးရီးယားအစိုးရတပ်ဖွဲ့များ ထုထည် ကြီးမားစွာ ရောက်ရှိနေစဉ် တူရကီ သမ္မတ၏ မှတ်ချက်ပြုပြောကြားမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
အီဒလစ်ပြည်နယ်အား ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဆီးရီးယား ပြည်တွင်းစစ်သက်တမ်း ခုနစ်နှစ်အတွင်း တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ဖူးသည့် ပမာဏဖြင့် လူသားချင်းစာနာမှုနှင့် ဆိုင်သည့် ကပ်ဆိုးကြီး ရုတ်တရက် ဖြစ်ပေါ်မည်ကို စိုးရိမ်မှုများ မြင့်တက် လျက်ရှိသည်။
အီဒလစ်ပြည်နယ်အား စိုးမိုးထား သည့် ဂျီဟတ်ဝါဒီစစ်သွေးကြွများ အား အမြစ်ပြတ်ရှင်းလင်းပစ်ရန် ဆီးရီးယားအစိုးရနှင့် ၎င်း၏ အဓိက မဟာမိတ်ရုရှားတို့က သန္နိဋ္ဌာန်ချထား ကြသည်။
အေအက်ဖ်ပီ။
No comments:
Post a Comment