Thursday, September 6, 2018

တောင်ကိုရီးယားသံတမန်အဖွဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံ

Image may contain: one or more people and people sitting
ဆိုးလ် စက်တင်ဘာ ၅
တောင်ကိုရီးယားသံတမန်အဖွဲ့တစ်ဖွဲ့သည် မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့်တွေ့ဆုံခဲ့ပြီး သမ္မတ မွန်းဂျယ်အင်း၏ ပေးစာတစ်စောင်ကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ထံသို့ ပေးအပ်ခဲ့ကြောင်း ယနေ့ သတင်းများအရ သိရသည်။
တောင်ကိုရီးယားသမ္မတရုံးမှ စေလွှတ်သော သံတမန်အဖွဲ့တွင် အမျိုးသားလုံခြုံရေးအဖွဲ့ အကြီးအကဲ ချွန်းယူယောင်နှင့် အမျိုးသားထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ ဆုဟွန်းတို့ ပါဝင်ကြောင်း သိရသည်။
အဆိုပါ တောင်ကိုရီးယားသံတမန်အဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့သို့ စက်တင်ဘာ ၄ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားသံတမန်အဖွဲ့သည် မြောက်ကိုရီးယား အာဏာရအလုပ်သမားပါတီ ဒုတိယဥက္ကဋ္ဌ ကင်ယောင်ချိုအပါအဝင် အခြားသော တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံခဲ့သည်ဟု တောင်ကိုရီးယားသမ္မတရုံးက သတင်း တစ်ရပ် ထုတ်ပြန်သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တောင်ကိုရီးယားသံတမန်အဖွဲ့သည် ယခုလအတွင်း တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ထိပ်သီးအစည်း အဝေးပွဲကျင်းပရေး အစီအစဉ်နှင့် နျူကလီးယားကင်းစင်ပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးနိုင်ခဲ့ဖွယ်ရှိသည်ဟု ထင်မြင်ရသည်။
စက်တင်ဘာ ၄ ရက်က သမ္မတမွန်းဂျယ်အင်းနှင့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ တယ်လီဖုန်းဖြင့် မြောက်ကိုရီးယားအရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ ကိုရီးယားနှစ်နိုင်ငံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများမပြုလုပ်မီ ပြုံယမ်းအနေဖြင့် နျူကလီးယားကင်းစင်ပပျောက်ရေးအတွက် ခိုင်မာသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် လိုအပ်သည်ဟု တောင်ကိုရီးယားသံတမန်အဖွဲ့က မြောက်ကိုရီးယား ခေါင်းဆောင်အား ပြောကြားခဲ့နိုင်ဖွယ်ရှိသည်။
တောင်ကိုရီးယားသံတမန်အဖွဲ့က စက်တင်ဘာ ၅ ရက် ညပိုင်းတွင် ပြုံယမ်း၌ ညစာစားပွဲတက်ရောက်ပြီး နောက် တောင်ကိုရီးယားနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ ကြောင်း သိရသည်။
တောင်ကိုရီးယားအစိုးရအဖွဲ့က အမေရိကန် အပါ အဝင် အခြားသောနိုင်ငံများသို့ သံတမန်အဖွဲ့များစေလွှတ် ပြီး မြောက်ကိုရီးယားခေါင်းဆောင်နှင့် တောင်ကိုရီးယား သံတမန်အဖွဲ့တို့ ဆွေးနွေးခဲ့သည်များကို အသိပေး ပြောကြားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment