မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ၂ဝ၁၆ ခုနှစ်မှ စ၍ ကောက်ယူရရှိထားသည့် စာရင်းများအရ ပြည်တွင်းပြည်ပခရီးသွားများ တစ်နှစ်ထက်တစ်နှစ် ဝင်ရောက်မှုပိုမိုများပြားလာကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရသိရသည်။
လက်ရှိ မန္တလေးမြို့သို့ ခရီးသွားဝင်ရောက်မှုမှာ ၂ဝ၁၆ ခုနှစ်တွင် ပြည်ပခရီးသွား ၃၈၅ဝ၃၁ ဦးနှင့် ပြည်တွင်းခရီးသွား ၅၁၇၂၉ဝ၊ ၂ဝ၁၇ ခုနှစ်တွင် ပြည်ပခရီးသွား ၄၈၃၇၈၄ ဦးနှင့် ပြည်တွင်းခရီးသွား ၅၈၉၃၇၄ ဦး ဝင်ရောက်ခဲ့ပြီး ယခု ၂ဝ၁၈ ခုနှစ်တွင် လက်ရှိခြောက်လတာစာရင်းများအရ ပြည်ပခရီးသွား ၂၃၁ဝဝ၂ ဦးနှင့် ပြည်တွင်းခရီးသွား ၃၂၉၅၆၇ ဦး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
''ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးအတွင်းကို နိုင်ငံတကာခရီးသွားတွေသာမက အခုနှစ်ပိုင်းတွေမှာ ပြည်တွင်းကလည်း ပိတ်ရက်ရှည်ကာလတွေမှာ ခရီးသွားလည်ပတ်လေ့လာတတ်တဲ့ အလေ့အကျင့်တွေရှိလာကြတာကို တွေ့ရတယ်။ အုပ်စုလိုက်ဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ ခရီးထွက်လည်ပတ်မှုတွေများလာတယ်'' ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာခရီးသွားများ ပိုမိုဝင်ရောက်လာစေရေးအတွက် လာမည့် အောက်တိုဘာလမှစ၍ တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံများအတွက် ဗီဇာဖြေလျှော့မှုများ ဆောင်ရွက်ပေးမည်ဖြစ်ပြီး အဆိုပါဖြေလျှော့မှုများတွင် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အတွက် ဗီဇာကင်းလွတ်ခွင့်ပြုထားကြောင်းနှင့် တရုတ်
နိုင်ငံသားများအတွက် ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံသားများအတွက် ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
''ခရီးသွားကဏ္ဍဖွံ့ဖြိုးဖို့ဆိုတာ ဗီဇာဖြေလျှော့မှုက အဓိကကျပါတယ်။ ဒီလိုဖြေလျှော့ပေးမှ လာချင်ကြမယ်။ ဖြေလျှော့ပေးမှုတွေနဲ့အတူ သူတို့မျှော်လင့်ထားသလို ဖြစ်လာစေဖို့ ပို့ဆောင်ဆက်သွယ်ရေးတွေ၊ အခြေခံအဆောက်အအုံတွေ၊ နိုင်ငံအလိုက် ကြိုက်နှစ်သက်တဲ့ လည်ပတ်စရာနေရာတွေ၊ အပန်းဖြေမှုတွေ၊ အများသုံးသန့်စင်ခန်းတွေ
ကို ခရီးသွားကဏ္ဍနဲ့ ပတ်သက်ဆက်စပ်သူတွေအားလုံးက ပြင်ဆင်ဆောင်ရွက်နေကြသလို ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကိုလည်း ထားရှိဆောင်ရွက်လျက်ရှိပါတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။
ကို ခရီးသွားကဏ္ဍနဲ့ ပတ်သက်ဆက်စပ်သူတွေအားလုံးက ပြင်ဆင်ဆောင်ရွက်နေကြသလို ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကိုလည်း ထားရှိဆောင်ရွက်လျက်ရှိပါတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှုအနေဖြင့် လက်ရှိတွင် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်
လေကြောင်းလိုင်းနှစ်လိုင်း တိုးချဲ့ပြေးဆွဲထားသည့်အတွက် တရုတ်လူမျိုးများ အဓိကဝင်ရောက်မှုများပြားနေပြီး ၂ဝ၁၈ ခုနှစ်အတွက် တိုင်းဒေသကြီးအတွင်းသို့ နိုင်ငံတကာခရီးသွားဧည့်သည် ငါးသိန်း
ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
No comments:
Post a Comment