
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများအား သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်းအမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၃ ရက် နံနက် ၉နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) ဒက္ခိဏသင်တန်းကျောင်း၌ ကျင်းပသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာတင်က သတင်းရေးသားထုတ်ပြန်ခြင်း
သင်တန်းများ ဖွင့်လှစ်ပေးရခြင်းနှင့်စပ်လျဉ်း၍အဖွင့်အမှာစကားပြောကြားသည်။
သင်တန်းများ ဖွင့်လှစ်ပေးရခြင်းနှင့်စပ်လျဉ်း၍အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်း ၃၅ဦးတို့အား သတင်းစီးဆင်းမှု၊ သတင်းအရင်းအမြစ်များရှာဖွေခြင်း၊ သတင်းအခြေခံဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းရေးသားခြင်း၊ ဆောင်းပါးရေးသားခြင်း၊ သတင်းဖတ်သူ၏ရှုမြင်ပုံ၊ သတင်းစာရှင်းလင်းပွဲကဏ္ဍ၊ Online အသုံးပြု၍သတင်းများ ထုတ်ပြန်ခြင်း၊ သတင်းမီဒီယာဥပဒေ၊ စာနယ်ဇင်းကျင့်ဝတ်၊ သတင်းဓာတ်ပုံပညာ စသည့်ဘာသာရပ်များကို ရက်သတ္တသုံးပတ်ကြာ စာတွေ့လက်တွေ့ ဆွေးနွေးသင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရ
သည်။
သည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment