
ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် သခွပ်ချောင်းအုပ်စု အတွင်းရှိ မြေနုမြစ်ကျိုးအင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို စက်တင်ဘာ ၃ ရက် မွန်းတည့် ၁၂ နာရီက အဆိုပါအင်းအတွင်း ကျင်းပသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးထူးထက်နှင့် ဌာနဆိုင်ရာတာဝန်ရှိများ၊ ဒေသခံ ရေလုပ်သားအစုအဖွဲ့ဝင်များ တက်ရောက်၍ ငါးမြစ်ချင်း ၂၂ဝဝဝဝ နှင့် ငါးခေါင်းပွ ၂၈ဝဝဝဝ တို့ကို စုပေါင်းစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
ဒေသနေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန် အဓိကရည်ရွယ်ထားကြောင်း၊ ငါးမျိုးသန့်ရရှိရေးနှင့် ငါးမွေးမြူမှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနကလည်း ကူညီဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း၊ လုပ်ငန်းအောင်မြင်၍ ရေလုပ်သားအစုအဖွဲ့ဝင် များ၏ ဝင်ငွေတိုးတက်မှုရရှိရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် တတ်စွမ်းသရွေ့ စုပေါင်းကြိုးပမ်းဆောင်ရွက် သွားကြမည်ဖြစ်ကြောင်းနှင့် ရေချိုငါးလုပ်ငန်းလုပ်ဆောင်ရာတွင် ငါးသယံဇာတများ ရေရှည်ထုတ်လုပ်သုံးစွဲနိုင်ရန် ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်းဖြစ်ကြောင်း အင်းဂရန် ပိုင် ဦးအောင်မြင့်ဌေးက ပြောသည်။
မြို့နယ်(ပြန်/ဆက်)
No comments:
Post a Comment