Monday, September 3, 2018

ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဝတ္ထုကံမြေအတွင်း လုံခြုံရေးစနစ် အဆင့်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: 1 person, sitting, table and indoor

ရန်ကုန် စက်တင်ဘာ ၂
ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဝတ္ထုကံမြေအတွင်း လုံခြုံရေး စနစ် အဆင့်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် ရွှေတိဂုံစေတီတော် တောင်ဘက် မုခ်ရှိ ရှေးဟောင်းရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပ သည်။
ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဖွင့်အမှာ စကား ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးတို့က တိုင်းဒေသကြီးအတွင်း လုံခြုံရေးဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားကြသည်။
ဆက်လက်၍ FISCA Enterpriseနှင့် Huawei Technologiesတို့မှ တာဝန်ရှိသူများက လုံခြုံရေးအဆင့် မြှင့်တင်ရေးဆိုင်ရာနည်းပညာနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးညိုဝင်းနှင့် ဂေါပကအဖွဲ့ဝင် (စီမံ/လုံခြုံ)ဦးသောင်းထိုက် တို့က
ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဝတ္ထုကံမြေအတွင်း လုံခြုံ ရေးစနစ် အဆင့်မြှင့်တင်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းနှင့် အစည်းအဝေးတက်ရောက်လာ ကြသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြ ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဝတ္ထုကံမြေအတွင်း လုံခြုံရေးစနစ် အဆင့်မြှင့်တင်ရေးသည် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း လုံခြုံရေးဆိုင်ရာဆောင်ရွက်မှုများမှ အစိတ် အပိုင်းတစ်ခုဖြစ်သည့်အတွက် အခြားလုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်သွားနိုင် ရေး အရေးကြီးသည့် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုတစ်ခု ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment