Monday, September 3, 2018

ကာလရှည်ကြာဂိတ်ထိုးပြေးဆွဲနေသော ခရီးသည်ယာဉ်များ ဖယ်ရှားပေးစေလို




Image may contain: one or more people, people standing, car, sky and outdoor
ထင်သာမြင်သာ ပြုပြင်စရာ


ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံ မြို့ ဖျာပုံတံတားကြီးခြေဆင်းနှင့် အဝေး ပြေးကားဝင်းအနီး ပြည်သူများ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေ ရေးအတွက် ပြုလုပ်ပေးထားသည့် ဗိုလ်ချုပ်ကြေးသွန်းရုပ်တုထားရှိရာ တြိဂံ ချွန်းထိပ် ပတ်ပတ်လည်တွင် ယာဉ်မရပ်ရ နေရာအဖြစ် သတ်မှတ်ပေးထားသော် လည်း အဝေးပြေးကွင်းအတွင်းရှိ ခရီး သည် ယာဉ်လိုင်းအသီးသီးမှ ခရီးသည် တင်ယာဉ်များက အဝေးပြေးကွင်းအတွင်း ရှိ မိမိတို့ဂိတ်ပိုင်နေရာများတွင် ဂိတ်ထိုး ပြေးဆွဲခြင်းမပြုဘဲ တြိဂံချွန်းထိပ် ပတ်ပတ်လည်တွင် စည်းကမ်းမဲ့ဂိတ်ထိုး၍ ခရီးသည်အပြိုင်အဆိုင်ခေါ်ယူပြေးဆွဲ နေသည်မှာ လအတန်ကြာနေပြီဖြစ် သဖြင့် ခရီးသွားပြည်သူများ၊ ကျောင်း သား ကျောင်းသူများ မကြာခဏ ယာဉ်အန္တရာယ် လမ်းအ္တရာယ်ကြုံတွေ့ နေရပြီး ပြည်သူများ၏ ကိုယ်ပိုင်ယာဉ်များ၊ ဆိုင်ကယ်များ၊ စက်ဘီးများနှင့် ယာဉ် မတော်တဆ ထိခိုက်မှုများကြောင့် တာဝန်ရှိဌာနဆိုင်ရာများ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များကအမြန်ဆုံးလာရောက် ရှင်းလင်းဖယ်ရှား ပေးရန် ပြည်သူများက လိုလားတောင့်တ နေကြကြောင်း သိရသည်။
''ကျွန်တော်တို့ ဖျာပုံမြို့မှာရှိတဲ့ ဒီနေရာလေးက ဖျာပုံတံတားကြီးခြေဆင်း ဖြစ်လို့ ဖြတ်သန်းသွားလာနေတဲ့ ကား တွေ၊ ဆိုင်ကယ်တွေ၊ သုံးဘီး၊ ထော်လာဂျီ တွေ တော်တော်များပါတယ်။ နယ် အသီးသီးကလာတဲ့ ပြည်သူတွေနဲ့ မြို့နေ ပြည်သူတွေ ဒီနေရာကိုမဖြစ်မနေ ဖြတ် သန်းပြီးမှ ခရီးသွားလာလို့ရတာပါ။ ဒါကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြည်သူ တွေအဆင်ပြေစေဖို့ တြိဂံချွန်းပတ်ပတ် လည်မှာ စတီးလက်ရန်းတွေနဲ့ ပန်းအလှ ပင်တွေ၊ ရောင်စုံမီးတွေနဲ့ အလှဆင်ပေးပြီး ပြည်သူတွေ ယာဉ်အ္တရာယ်ကြောင့် ထိခိုက်မှုတွေမဖြစ်စေဖို့အတွက် ယာဉ် မရပ်ရနေရာအဖြစ် သတ်မှတ်ပေးထား ပါတယ်။ ဒါကိုမျက်ကွယ်ပြုပြီး အဝေးပြေး ကွင်းအတွင်းမှာရှိတဲ့ ယာဉ်လိုင်းအသီးသီး က ခရီးသည်တင်ယာဉ်တွေ ဂိတ်ထိုး ပြေးဆွဲနေတာဘယ်လိုမှ မဖြစ်သင့်တော့ ပါဘူး။ တာဝန်ရှိသူတွေက အမြန်ဆုံး လာရောက်ရှင်းလင်းဖယ်ရှားပေးမှ ခရီး သွားပြည်သူတွေ အဆင်ပြေမှာပါ'' ဟု အမှတ်(၃)ရပ်ကွက် အောင်သပြေလမ်း နေ ပြည်သူတစ်ဦးက ပြောသည်။
အဆိုပါ တြိဂံချွန်းထိပ်အတွင်း ဗိုလ်ချုပ်ကြေးသွန်းရုပ်တုထားရှိပေးပြီး နေ့ကြီးရက်ကြီးများတွင် သက်ဆိုင်ရာ အခမ်းအနားများကျင်းပ၍ ပြည်သူများ ကြည့်ရှုအားပေးသည့် အဓိကနေရာတစ်ခု ဖြစ်ကြောင်း၊ လူများစည်ကားရာနေရာ တစ်ခုဖြစ်နေခြင်းကြောင့် ယခုလို ခရီး သည်ယာဉ်များ ဂိတ်ထိုးပြေးဆွဲနေခြင်း များကို သတင်းမီဒီယာများတွင် သတင်း များဖော်ပြပါရှိလာပါက သက်ဆိုင်ရာ တာဝန်ရှိဌာနဆိုင်ရာများမှ အခါ အားလျော်စွာ လာရောက်ရှင်းလင်း ပေးကြောင်းနှင့် ရှင်းလင်းအရေးယူ ဆောင်ရွက်သည့် အဖွဲ့များမလာရောက် နိုင်သည်မှာ အချိန်ကာလအတန်ကြာ နေသည်ကို အခွင့်ကောင်းယူပြီး ပြည်သူ များကို မျက်ကွယ်ပြု၍ စည်းကမ်းမဲ့ ဂိတ်ထိုးပြေးဆွဲနေသည့် ခရီးသည်ယာဉ် များကို တာဝန်ရှိသူများက တိတိကျကျ အချိန်ယူလာရောက် ရှင်းလင်း ဖယ်ရှားအရေးယူဆောင်ရွက်ပေးရန် ပြည်သူများက လိုလားတောင့်တလျက်ရှိ ကြောင်း သိရသည်။
ဝ၉၁

No comments:

Post a Comment