Monday, September 3, 2018

JATA Tourism Expo 2018 ၌ မြန်မာနိုင်ငံကိုယ်စားပြုခရီးသွားပြခန်း ပါဝင်ပြသနိုင်ရေး တတိယအကြိမ် အစည်းအဝေးကျင်းပ

Image may contain: 3 people, people sitting, table and indoor

ရန်ကုန် စက်တင်ဘာ ၂
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စီစဉ် ဆောင်ရွက်မှုဖြင့် JATA Tourism Expo 2018သို့ မြန်မာနိုင်ငံကိုယ်စားပြုခရီးသွားပြခန်း ပါဝင်ပြသနိုင်ရေး တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် တက်ရောက်၍ အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ National Brand ဖြစ်သောMyanmar : Let the journey begin ကို၂ဝ၁၃ ခုနှစ်က စတင်အသုံးပြုခဲ့ရာ ငါးနှစ်ကြာမြင့်ပြီဖြစ် သည့်အတွက် Branding အသစ် Myanmar:Be Enchanted ကို နိုင်ငံတကာသို့ မြှင့်တင်ကြော်ငြာရန် ပြပွဲ ကာလအတွင်း မြှင့်တင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ပြောင်းလဲလာသည့် ခေတ်နှင့်အညီDigital နည်းပညာကို အသုံးပြုပြီး ခရီးသွားလုပ်ငန်းမြှင့်တင် ရေးကို ထိရောက်စွာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ပုဂ္ဂလိကDigital Marketing အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ Digital Marketing ကော်မတီကို ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ပြည်ပခရီးသွားဈေးကွက်ကော်မတီကိုလည်း ဖွဲ့စည်း ထားပြီးဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို ကော်မတီများပေါင်းစပ်၍ ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကိုလည်း အားပေးရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများကBranding အသစ်ဖြစ်သောMyanmar:Be Enchanted မြှင့်တင်ကြော်ငြာနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ပြပွဲအစီ အစဉ်နှင့် UNWTO Ministerial Round Table Meeting အစီအစဉ်များ၊ ပြပွဲတက်ရောက်နိုင်ရေး အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ မြန်မာ-ဂျပန် ခရီးသွားလုပ်ငန်းကော်မတီမှ ဂျပန်ခရီးသွား များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နိုင်ရေး ဆောင်ရွက်မည့်အစီအစဉ်များ၊ မြန်မာ-ကိုရီးယား ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့မှ ရှေ့ဆက်ဆောင်ရွက်မည့် ကိုရီးယားဈေးကွက် ခရီးသွားမြှင့်တင်ရေးအစီအစဉ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment