Tuesday, September 4, 2018

လက်ဆေးကန်နှင့် ဆက်စပ်ပစ္စည်းများလှူဒါန်း

Image may contain: 1 person
သံဖြူဇရပ် စက်တင်ဘာ ၃
MPT ၏ အုပ်စုလိုက်လက်ဆေးကန် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၃ ရက်က (အ.မ.က) ကြာကန်တိုးချဲ့ သံဖြူဇရပ်မြို့နယ်၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက အမှာစကားပြောကြားပြီး MPT-KSGMJOမှ စီးပွားရေးဌာနကြီး၏ ဒုတိယအရာရှိချုပ် ဦးသိန်းဟုတ်က လက်ဆေးကန် အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းကကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါအခမ်းအနားတွင် လက်ဆေးကန်နှင့် ဆက်စပ်ပစ္စည်းများ ကျပ်ငွေပေါင်း ၆၈ သိန်း အကုန်ကျခံလှူဒါန်းခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်လေးမြို့နယ်တွင်လည်း လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment