Tuesday, September 4, 2018

ဆဋ္ဌမအကြိမ်လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကျင်းပရေးညှိနှိုင်းဆွေးနွေး

Image may contain: indoor
မန္တလေး စက်တင်ဘာ ၃
ဆဋ္ဌမအကြိမ် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေး
ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်း၊ အတွင်းရေးမှူး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးကြီးမြင့်ဦးက စာစီစာကုံးပြိုင်ပွဲများ ကျင်းပမှု အသိပညာပေးအစီအစဉ်များ ရှင်းလင်းတင်ပြပြီးတက်ရောက်လာသည့် အရပ်ဘက်လူမှုရေးအသင်းများ၊ INGOများက အကြံပြုဆွေးနွေးကြသည်။
တိုင်းဒေသကြီး လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို စက်တင်ဘာ ၁၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)

No comments:

Post a Comment