Tuesday, September 4, 2018

မှော်ဘီမြို့နယ်ရှိ သံဃာတော်များအတွက် ဆွမ်းပဒေသာပင်အလှူတော်ငွေများ ပေးအပ်လှူဒါန်း

Image may contain: 3 people, people sitting, child, table and indoor
ရန်ကုန် စက်တင်ဘာ ၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ မဟာဝိဟာရစာသင် တိုက်နှင့် ဓမ္မဒူတဆေကိန္ဒာရာမ စာသင်တိုက်များရှိ သံဃာတော်များ အတွက် ဆွမ်းပဒေသာပင်အလှူတော် ငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစာသင်တိုက် များ၌ ကျင်းပသည်။
ရှေးဦးစွာ မဟာဝိဟာရစာသင် တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုနှင့်ဇနီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန် ရှိသူများနှင့် ပရိသတ်တို့က ငါးပါး သီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မဟာဝိဟာရစာသင်တိုက်ရှိ သံဃာ တော်များအတွက် ဆွမ်းပဒေသာပင် အလှူတော်ငွေကျပ် သိန်း ၃ဝ နှင့် သုံးဘာသာ သင်္ဂြိုဟ်ကျမ်းစာအုပ်များ ကို ပေးအပ်လှူဒါန်းရာ ကျောင်းအကျိုး တော်ဆောင် ဦးမောင်မောင်ခင်က လက်ခံသည်။
ယင်းနောက် မဟာဝိဟာရစာသင် တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိဇ္ဇာနန္ဒက အနုမောဒနာတရား ချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေ ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဓမ္မဒူတဆေကိန္ဒာရာမ စာသင်တိုက်သို့ရောက်ရှိပြီး ဓမ္မဒူတ ဆေကိန္ဒာရာမစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ပရိသတ်တို့က ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွား သရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓမ္မဒူတဆေကိန္ဒာရာမစာသင်တိုက် သံဃာတော်များအတွက် ဆွမ်း ပဒေသာပင် အလှူတော်ငွေကျပ် သိန်း ၃ဝ နှင့် သုံးဘာသာသင်္ဂြိုဟ်ကျမ်း စာအုပ်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအကျိုးတော်ဆောင် ဦးဝင်းစိန် က လက်ခံသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်ဇနီးက ဓမ္မဒူတဆေကိန္ဒာရာမ စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ဓမ္မဒူတဆေကိန္ဒာရာမ စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်က အနုမောဒနာတရား ချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေ ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment