Monday, September 24, 2018

၂ဝ၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ဖတ်ကြားသည့် တအာင်း(ပလောင်) အမျိုးသားပါတီ၏ စာတမ်း

Image may contain: 1 person, on stage
ကြွရောက်လာကြတဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ အနယ်နယ်အရပ်ရပ်မှ ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ ဒီမိုကရေစီအငွေ့အသက်ဖြင့် ကျက်သရေမင်္ဂလာအပေါင်းခညောင်းကြပါစေ။ ကျွန်မကတော့ တအာင်း (ပလောင်) အမျိုးသားပါတီကိုယ်စား စာတမ်းဖတ်ကြားသွားမယ့် တအာင်း (ပလောင်) အမျိုးသားပါတီ ဗဟိုကော်မတီအဖွဲ့ဝင်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးပဲ ဖြစ်ပါတယ်။
ဂုဏ်သရေရှိပုဂ္ဂိုလ်များရှင် -
''ဒီမိုကရေစီ''ဟု ပြောဆိုလိုက်လျှင် ပြည်သူမှတစ်ဆင့် အာဏာ ဆင်းသက်လာတဲ့ ''ပြည်သူအုပ်ချုပ်သည့်စနစ်'' ဖြစ်တယ်ဆိုတာ တစ်ကမ္ဘာ လုံးက လက်ခံနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုထိ ဒီမိုကရေစီထက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်မရှိသေးတာဖြစ်တဲ့အတွက် ကမ္ဘာမှာရှိတဲ့ နိုင်ငံ တော်တော်များများက ဒီစနစ်ကိုလက်ခံကျင့်သုံးလာကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ အာဏာက ပြည်သူမှ ဆင်းသက်လာတယ်လို့ ဘယ်လိုပြောနိုင် မလဲဆိုတာကို စဉ်းစားရတာပါ။ ဒါ အခု အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ် စာတမ်းရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ''Oversight''ဆိုတဲ့ ဝိုင်းဝန်း ထိန်းညှိဆောင်ရွက်နိုင်မှု၊ စောင့်ကြပ်ကြည့်ရှုနိုင်မှုကို ပြောတာပါ။
ဒီမိုကရေစီရှင်သန်ဖို့ ဘယ်သူတွေက ဘယ်လို ထိန်းညှိဆောင်ရွက်ပေး ရမလဲ၊ လွှတ်တော်ဆောင်ပုဒ်မှာတော့ ''ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်''လို့ ဖော်ပြထားတာဟာ ပြည်သူတွေရဲ့ ''Oversight'' လုပ်ဆောင်နိုင်မှုကို ဖော်ပြထားတာဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ ဘယ်လောက် အသက်ဝင်ထိရောက်တယ်ဆိုတာတော့ နိုင်ငံရဲ့ ဒီမိုကရေစီ စစ်မှန်မှု၊ ရင့်ကျက်မှုအပေါ်မှာ၊ အုပ်ချုပ်တဲ့သူတွေရဲ့ လက်ခံနိုင်မှုနဲ့ လူထုရဲ့ နားလည်လက်ခံနိုင်မှုအပေါ်မှာ အများကြီးမူတည်နေပါတယ်။
ဦးစွာ လွှတ်တော်မှာ ဝိုင်းဝန်းထိန်းညှိခြင်းကိုကြည့်ကြပါစို့။ အုပ်ချုပ်ရေး အခန်းကဏ္ဍအား တာဝန်ယူထားသော ဝန်ကြီးဌာနအလိုက် လုပ်ဆောင်မှုများ အား ထိန်းကျောင်းခြင်း၊ လွှတ်တော်ခွင့်ပြုချက်ဖြင့်သာ လူထုအကျိုးပြု လုပ်ဆောင်ချက်များအား အတည်ပြုအကောင်အထည်ဖော်ခြင်း၊ လွှတ်တော်မှ အတည်ပြုထားတဲ့ ဥပဒေအတိုင်းသာလျှင် လိုက်နာအကောင်ထည်ဖော်ခြင်းတို့ဖြင့် လွှတ်တော်ကဏ္ဍ၏ ထိန်းညှိမှုကိုပေါ်လွင်စေပါတယ်။ ဒီမိုကရေစီနိုင်ငံ များမှာ စစ်ဘက်ရေးရာများအပါအဝင် နိုင်ငံရေးရာ ဆုံးဖြတ်သင့်သည့် မူဝါဒ များအား လွှတ်တော်အတွင်း၌ ဆွေးနွေးဆုံးဖြတ်၍ ကြီးကြပ်မှုရယူကြရ ပါတယ်။
နိုင်ငံသားများ ဥပဒေကျင့်သုံးလိုက်နာမှုကောင်းမွန်ခြင်း၊ နိုင်ငံသားအားလုံး ကို ကာကွယ်ပေးနိုင်သည့် ဥပဒေများ ပြုပြင်ရေးဆွဲပြဋ္ဌာန်းနိုင်ခြင်း၊ နိုင်ငံရေးရာ များအား စီမံခန့်ခွဲပေးနိုင်သည့် အုပ်ချုပ်ရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍအားလုံး တို့အား ဟန်ပြမဟုတ်ဘဲ အမှန်တကယ် အပြန်အလှန်ထိန်းကျောင်းနိုင်ခြင်းတို့ ရှိမည်ဆိုပါက ဒီမိုကရေစီနိုင်ငံတစ်ခု၏ လွှတ်တော်ဟု ခေါ်ဆိုနိုင်လောက်မည် ဖြစ်ပေသည်။ ¤င်းလုပ်ဆောင်ချက်များသည် ဒီမိုကရေစီ အားကောင်းရှင်သန် လာစေရေးအတွက် လွှတ်တော်ကဏ္ဍမှ ထိန်းညှိပေးနိုင်မှုအချို့ပဲ ဖြစ်ပါတယ်။
ပြည်သူအခြေပြု ဒီမိုကရေစီနိုင်ငံတစ်ခုအနေဖြင့် ''Civil Oversight'' ဟု ခေါ်သည့် နိုင်ငံသားများ၏ စောင့်ကြည့်ထိန်းညှိပေးနိုင်မှု အခန်းကဏ္ဍသည်လည်း အလွန်အရေးပါလှပါတယ်။ ¤င်းအတွက် အရေးပါလှတဲ့သတင်း အချက်အလက်များအား ရယူနိုင်ရန်အတွက် သတင်းမီဒီယာများ၏ အခန်း ကဏ္ဍမှာလည်း အလွန်အရေးပါလှပါသည်။ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်း မီဒီယာများ၏ လွတ်လပ်မှု၊ ဘက်မလိုက်ဘဲ နိုင်ငံသားများအားလုံးထံ သတင်း မှန်ပေးပို့နိုင်မှုက နိုင်ငံသားများ၏ ဒီမိုကရေစီအပေါ် ထိန်းညှိဆောင်ရွက်ပေး နိုင်မှုအား အထောက်အကူဖြစ်စေပါတယ်။
ပဉ္စမမဏ္ဍိုင်များဖြစ်တဲ့ ပြည်သူလူထုတို့၏ အခန်းကဏ္ဍ မြင့်မားလာရေး တွင် အထက်ပါ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် မီဒီယာ မဏ္ဍိုင်များအားကောင်းသော်လည်း မြန်မာနိုင်ငံကဲ့သို့သော ဒီမိုကရေစီအသွင် ကူးပြောင်းလာခါစ နိုင်ငံများအနေဖြင့် ပြည်သူများ၏ ဒီမိုကရေစီအပေါ် လက်ခံနားလည်နိုင်မှု အားနည်းနေပါက ထိရောက်သော ထိန်းညှိမှုကို လုပ်ဆောင်နိုင်ရန် ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ ထိုသို့ ထိန်းညှိနိုင်ရေးအတွက် လိုအပ်တဲ့ စွမ်းရည်များအား မြှင့်တင်ပေးနိုင်ရေးမှာ အစိုးရတစ်ရပ်တည်းလုပ်ဆောင်ပေးနိုင်ရန် ခက်ခဲမည်အမှန်ပဲ ဖြစ်ပါတယ်။ ထိုအတွက် ''Civil Society Organization'' များဖြစ်သည့် အရပ်ဘက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍသည်လည်း အလွန်ပဲအရေးပါလှပါတယ်။ အရပ်ဘက်အဖွဲ့အစည်း များ အားကောင်းလာပါက ပြည်သူများအတွက် ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ကောင်းမွန်သောစနစ်တို့အတွက် လိုအပ်တဲ့စွမ်းရည်များ မြှင့်တင်ပေးနိုင်တဲ့ အပြင် ပြည်သူလူထုနှင့်အတူ အစိုးရ၏ လုပ်ဆောင်ချက်များအား စောင့်ကြည့်နိုင်၊ ထိန်းညှိပေးနိုင်မှာလည်း ဖြစ်ပါတယ်။
ဒီမိုကရေစီ၏ အနှစ်သာရတွေဖြစ်တဲ့ ပုံမှန်ရွေးကောက်ပွဲကျင်းပနိုင်ခြင်း၊ နိုင်ငံသားများ၏ အခွင့်အရေးများအား လေးစားလိုက်နာခြင်း၊ ပွင့်လင်း မြင်သာမှုရှိခြင်း၊ အပြန်အလှန်ထိန်းကျောင်းနိုင်ခြင်း၊ နိုင်ငံရေးတန်းတူညီမျှ မှုနှင့် လွတ်လပ်မှုရှိခြင်း၊ နိုင်ငံသားများ လိုက်နာရမည်များကို သိရှိလိုက်နာ ခြင်းတို့ကို အမှန်လုပ်ဆောင်နိုင်ရန်မှာ အုပ်ချုပ်သူများအပြင် အုပ်ချုပ်ခံ ပြည်သူတို့တွင်လည်း ဒီမိုကရေစီစံနှုန်း ပြည့်ဝရမည်ဖြစ်ပါတယ်။ လူများစု က လူနည်းစုတို့အား ဖိနှိပ်အနိုင်ယူခြင်းသည်လည်း ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ အများစု၏ သဘောတူညီမှုဖြင့် အကောင်အထည် ဖော်သည်ဆိုတိုင်း လူနည်းစု၏ဆန္ဒကို မေ့ပစ်၍မရကောင်းပေ။
ထို့ကြောင့် ဒီမိုကရေစီစနစ် ရှင်သန်ကြီးထွားလာစေရန်မှာ လွှတ်တော် အတွင်း ထိန်းကျောင်းပေးနိုင်ခြင်း (Parliamentary Oversight) ရှိရမည် မှာ အမှန်ဖြစ်ပါတယ်။ လွှတ်တော်မှ ကောင်းစွာထိန်းညှိပေးနိုင်ရန်မှာ နိုင်ငံသားများအား ကာကွယ်ပေးသည့် ဥပဒေကောင်းများထွက်ပေါ်လာစေ ရန်နဲ့ ကာကွယ်ရေးအပါအဝင် အုပ်ချုပ်ရေးကဏ္ဍကို ထိန်းညှိနိုင်ရန် လိုအပ်ပါတယ်။ နိုင်ငံသားများ၏ အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်စေ ရန်မှာ အရည်အချင်းပြည့်ဝသည့် နိုင်ငံသားများ၏ ထိန်းညှိမှုဖြစ်သည့် (ဃငလငူ ဥလနမျငါ့အ) ကောင်းမွန်စွာ ပြုလုပ်နိုင်မည်ဆိုပါက ဒီမိုကရေစီစနစ်ပိုမို ရှင်သန်လာမည်ဖြစ်ကြောင်း အကြံပြုဆွေးနွေးတင်ပြအပ်ပါတယ်။
''ပြည်သူအခြေပြု ဒီမိုကရေစီ အဓွန့်ရှည်တည်တံ့ပါစေ''

No comments:

Post a Comment