Monday, September 24, 2018

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၄င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

Image may contain: 1 person

နေပြည်တော် စက်တင်ဘာ ၂၃
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်က ၄င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
အားလုံးသာလီစွပါ။
ကျွန်တော်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ပါ။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် သုံးနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ရသေ့ တောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှာ ရခိုင်ပြည်နယ် လွှတ်တော်နေရာအတွက် ဦးသိန်းမောင်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဒေါ်သက်သက်အေးနဲ့ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် အမှတ် (၂) မဲဆန္ဒ နယ်မြေမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွက် ဦးမောင်လှကျော်တို့က ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို တင်ပြသွားမှာဖြစ်ပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေး လူထုအရေးတော် ပုံကာလက ပေါ်ပေါက်လာတဲ့ပါတီဖြစ်ပါတယ်။ ပါတီကို ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်းနဲ့ ဒေါက်တာဦးစောမြအောင်တို့က ဦးစီးဦးဆောင်ပြုပြီး ဖွဲ့စည်းတည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီမို ကရေစီရေး၊ တိုင်းရင်းသားလူမျိုးများအားလုံးတန်းတူရေး၊ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိရေးတို့အပေါ်မှာ အခြေခံတဲ့ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ခြင်းဖြင့်သာ ရခိုင်ပြည်သူတွေရဲ့အကျိုးကို ဆောင်ရွက် နိုင်မှာဖြစ်တယ်ဆိုတဲ့ မူဝါဒကို ချမှတ်ခဲ့ကြပါတယ်။ အဲဒီနောက် ၁၉၉ဝ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၁ နေရာမှာ အနိုင်ရရှိကာ မြန်မာနိုင်ငံမှာ တတိယအများဆုံးအနိုင်ရပါတီအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ မိမိတို့ပါတီရဲ့မူဝါဒကို အကောင်အထည်ဖော်ရာ မှာ တခြားသောတိုင်းရင်းသားတွေနဲ့လက်တွဲပြီး ဆောင်ရွက်မှ အောင်မြင်နိုင်မှာဖြစ်တဲ့ အတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) မှာ ဦးဆောင်ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ဟာ အနာဂတ်ပြည်ထောင်စုကို တိုင်းရင်းသားလူမျိုးများအားလုံး လူမျိုးရေးတန်းတူညီမျှမှု၊ နိုင်ငံရေးတန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိစေရမည့်အပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ အာမခံချက်ရှိတဲ့ ပြည်ထောင်စုကို တည်ဆောက်ကြမယ်ဆိုတဲ့ မူတွေနဲ့ပတ်သက်လို့ ဗိုလ်အောင်ကျော်လမ်း ပူးတွဲကြေညာချက်ကိုလည်း ၂၉-၈-၁၉၉ဝ ရက်နေ့မှာ ထုတ်ပြန်နိုင်ခဲ့ကြတယ်။
၁၉၉ဝ ပြည့်နှစ်အလွန်ကာလတွေမှာလည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP)မှာ ပါဝင်လှုပ်ရှားခဲ့ပြီး ပါတီရဲ့မူဝါဒကို အကောင် အထည်ဖော်နိုင်ဖို့ ကြိုးပမ်းခဲ့တယ်။
၁၉၉၂ ခုနှစ်မှာတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မှတ်ပုံတင်ဖျက်သိမ်းခံခဲ့ရပါ တယ်။
၂ဝ၁ဝ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအပြီး ပေါ်ထွန်းလာတဲ့ အစိုးရ သစ်လက်ထက်မှာ ပြောင်းလဲလာတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကြောင့် ၂ဝ၁၂ ခုနှစ်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီရဲ့ မူလရည်မှန်းချက်တွေကို ဆက်လက်အကောင် အထည်ဖော်နိုင်ဖို့အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ဒုတိယအကြိမ် ပြန်လည် ဖွဲ့စည်းပြီး မှတ်ပုံတင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မိမိတို့ပါတီရဲ့ မူဝါဒတွေနဲ့ တူညီ တဲ့ တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်(UNA)အဖွဲ့မှာ တက်တက်ြ<ွကြ<ွက ပါဝင်လှုပ်ရှားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ရခိုင်ပြည်သူတစ်ရပ်လုံးရဲ့ဆန္ဒကို လေးစားတဲ့အနေနဲ့ သော်လည်းကောင်း၊ ရခိုင်အမျိုးသားတွေရဲ့ အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းပေး နိုင်မယ်လို့ ယုံကြည်တဲ့အတွက်လည်းကောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနဲ့ ပူးပေါင်းခဲ့ပါတယ်။
၂ဝ၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအပြီး နောက်ပိုင်းကာလမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ မိမိပါတီရဲ့ မူဝါဒတွေကို ဆက်လက်အကောင်အထည် ဖော်နိုင်ဖို့အတွက် ၂ဝ၁၇ ခုနှစ်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ထပ်မံဖွဲ့စည်းပြီး တတိယအကြိမ် မှတ်ပုံတင်ခဲ့ပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၁၉၈၈ ခုနှစ် စတင်ဖွဲ့စည်းတည်ထောင်စဉ် ကပင် ခေါင်းဆောင်ကြီးများ ချမှတ်ထားခဲ့တဲ့ မူဝါဒတွေကို ဆက်လက်စွဲကိုင်ပြီး လုပ်ငန်းစဉ် ၁၆ ရပ်ကိုလည်း ချမှတ်ထားပါတယ်။ အဲဒီလုပ်ငန်းစဉ် ၁၆ ရပ်ထဲက အချိန်ကန့်သတ်ချက်ရှိတဲ့အတွက် အရေးကြီးတဲ့လုပ်ငန်းစဉ်တွေကိုပဲ ကျွန်တော့်အနေ နဲ့ တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ဒီနေ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ပြဿနာ ဟာ ခုဆိုရင် တစ်နိုင်ငံလုံးရဲ့ပြဿနာဖြစ်လို့ လာနေပါပြီ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအခြေ အနေတွေ၊ အဲဒီအခြေအနေပေါ်မှာ အခြေခံပြီးချမှတ်ခဲ့တဲ့ မူဝါဒတွေရဲ့ အားနည်းချက်တွေ၊ တရားဥပဒေစိုးမိုးမှု နည်းပါးတာတွေနဲ့ လာဘ်ပေးလာဘ်ယူ မှုစတဲ့ ကိစ္စတွေကို အကြောင်းပြုပြီး ကြီးထွားလာခဲ့တဲ့ ခိုးဝင်ဘင်္ဂါလီပြဿနာဟာ ရခိုင်ပြည်နယ်အတွက်သာမဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် စိုးရိမ်ဖွယ်ရာအခြေ အနေတွေ ဖြစ်လာနေပြီဖြစ်တယ်။ ဒီပြဿနာကို ဖြေရှင်းရာမှာ အတိမ်းအစောင်း တစ်ခုခု ဖြစ်ခဲ့ရင် ပထမဆုံး ထိခိုက်ခံစားရမှာက ဒေသခံရခိုင်လူမျိုးတွေပဲဖြစ် တယ်။ ဒါကိုလည်း ရှေ့အဖြစ်အပျက်တွေက သက်သေပြခဲ့ပြီးဖြစ်တယ်။ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းတဲ့ကိစ္စမှာ ဒေသခံရခိုင်ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံတော်ရဲ့ ပိုင်နက်နယ်မြေနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရေးအတွက် ဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ချမှတ်ထားပါတယ်။
ဒုတိယအနေနဲ့ ဒီနေ့မြန်မာနိုင်ငံဟာ ပြည်ပအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး စည်းလုံးညီညွတ်ဖို့လိုပါတယ်။ ဒါဆိုရင် ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်း ရေးရရှိအောင် မဖြစ်မနေကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အဓိက ပါဝင်ပတ်သက်နေကြတဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေဟာ ဦးစွာတွေ့ဆုံပြီး သဘောထားကြီးကြီးနဲ့ နိုင်ငံ့အကျိုးအတွက် ဦးစားပေးပြီး တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့လိုပါတယ်။ ဆွေးနွေးတဲ့အခါမှာလည်း အင်အားကြီးတဲ့ အဖွဲ့ကစတင်ပြီး သဘောထားကြီးကြောင်း ပြသဖို့လည်းလိုအပ်မှာဖြစ်ပါတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကတော့ ပြည်တွင်းစစ်ရပ်စဲပြီး ထာဝရတည်တံ့ ခိုင်မြဲတဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ဖို့ကိုလည်း ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ချမှတ်ထားပါတယ်။
တတိယအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ဆက်စပ်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ဒီမိုကရေစီအခြေခံမူများနဲ့သော်လည်းကောင်း၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုမူတွေနဲ့သော်လည်းကောင်း ကိုက်ညီမှုမရှိတဲ့ အချက်အလက်တွေ ကိုလည်း ပြင်ဆင်ရေးဆွဲဖို့ လိုအပ်တဲ့အတွက် ပါတီမှာလုပ်ငန်းစဉ်တွေကို ချမှတ် ထားပါတယ်။
နောက်တစ်ချက်ကတော့ ရခိုင်ပြည်နယ်အနှံ့အပြားမှာလည်း စက်မှုဇုန်တွေ၊ အထူးစီးပွားရေးဇုန်တွေ၊ အစိုးရစီမံကိန်းကြီးတွေစတဲ့ အကြောင်းအမျိုးမျိုး ကြောင့် လယ်ယာမြေသိမ်းဆည်းခံရမှုအများအပြားရှိခဲ့ပြီး တောင်သူလယ်သမား တွေဟာ ဒုက္ခအမျိုးမျိုးတွေကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ရခိုင်ပြည်သူ ပြည်သား အများစုဟာ လယ်ယာကိုအခြေခံတဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီး အသက်မွေးဝမ်းကျောင်း ပြုကြရတာဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ဆိုတာဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ရဲ့ အရေးအကြီးဆုံး မူဝါဒတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် လယ်ယာမြေ ပြဿနာများကိုလည်း ဖြေရှင်းပေးနိုင်ဖို့ လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစားပေး ဆောင်ရွက်သွားမယ့် မူဝါဒတစ်ရပ်အဖြစ် ချမှတ်ထားပါတယ်။
ငါးချက်မြောက်အနေနဲ့ ပြောရရင် ဒီနေ့ ရခိုင်ပြည်နယ်မှာ လူငယ်အများအပြား ဟာ အလုပ်အကိုင်ရှားပါးမှု ပြဿနာအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ပြည်နယ်ကနေ နိုင်ငံတွင်းက အခြားဒေသများ အပါအဝင် နိုင်ငံတကာကို ထွက်ခွာသွားနေကြရတယ်။ ဒါကြောင့် အမျိုးသားတွေသာ လုပ်ကိုင်ခဲ့ကြတဲ့ ကျောက်ခွဲ၊ ကျောက်ထု၊ ကျောက်သယ်၊ လယ်ထွန်၊ သစ်ခုတ်ကိစ္စတွေအပြင် အိမ်ပြင်၊ အိမ်မိုးကအစ အမျိုးသမီးတွေက အစားထိုးဝင်ရောက်လုပ်ကိုင်နေကြရတာတွေကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရပါတယ်။ ဒါကြောင့် ရခိုင်ပြည်သူ ပြည်သားတွေ အိမ်ပြန် အလုပ်လုပ်နိုင်ဖို့၊ ခုခေတ်လူငယ်တွေနဲ့ သင့်တော်ပြီး ကောင်းမွန်တဲ့လုပ်ခလစာရရှိဖို့၊ ရခိုင်ပြည်မှာ ရခိုင်သူ ရခိုင်သားတွေ မိသားစုနဲ့ အတူနေ၊ အတူလုပ်နိုင်ဖို့ ကောင်းမွန်သင့်တော်တဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေ ဖန်တီးပေးဖို့လိုတယ်လို့ ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ယုံကြည်ပါ တယ်။ ဒါကြောင့် ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက်ကိုလည်း ဦးစားပေး လုပ်ငန်းစဉ်အဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ချမှတ်ထားပါတယ်။
နောက်ဦးစားပေးလုပ်ငန်းစဉ်တစ်ခုအနေနဲ့ ရခိုင်ပြည်နယ်အနှံ့အပြားမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ အစိုးရရဲ့ စီးပွားရေးစီမံကိန်းကြီးတွေ စတဲ့ အကြောင်း အမျိုးမျိုးကြောင့် စည်းကမ်းမဲ့ သစ်တောတွေကို ခုတ်တာတွေ၊ ကျောက်တောင်တွေ ကိုဖြိုတာတွေစတဲ့ ဖြစ်စဉ်တွေကြောင့် သဘာဝရဲ့ဂေဟစနစ်ကို ပျက်စီးစေသလို အခုလက်ရှိမှာပဲ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ရေနက်ဆိပ်ကမ်းရှိတဲ့ သံဇစ်မြစ်ရေဟာ အရောင်ပြောင်းပြီး အညိုရောင်တွေဖြစ်ပေါ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေကို အခုထိ မတွေ့ရသေး ပါဘူး။ ဒီလိုကိစ္စတွေကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသလို ဒေသခံရခိုင်လူမျိုးတွေရဲ့ စီးပွား ရေး၊ ကျန်းမာရေးတွေကိုလည်း ထိခိုက်လာနိုင်တဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ဖို့ လုပ်ငန်းစဉ်တွေ ကို ဒေသခံ အရပ်ဘက်အဖွဲ့ အစည်းတွေ၊ ဒေသခံပြည်သူတွေ နဲ့ လက်တွဲဆောင်ရွက်နိုင်ဖို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ချမှတ်ထားပါတယ်။
နောက်တစ်ချက်ကတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဆိုတာဟာ မှန်ကန်စွာ လုပ်ကိုင်ရင် ဒေသခံပြည်သူတွေအတွက် အကျိုးရှိနိုင်သလို၊ ကောင်းမွန်မှန် ကန်တဲ့ မူဝါဒအကောင် အထည်ဖော်မှုတွေမရှိရင် အတိဒုက္ခရောက်ကြ ရတာကို ကမ္ဘာနဲ့တစ်ဝန်း တွေ့မြင်နေကြရပါတယ်။ အထူးသဖြင့် သဘာဝ သယံဇာတကို တူးဖော်ထုတ်ယူသုံးစွဲခြင်း၊ ဒေသခံနယ်မြေတွေကို ပြောင်းလဲ ပြုပြင်ခြင်း စတာတွေ ပြုလုပ်ရတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင် ပြည်သူတွေရဲ့ ဘဝ နေထိုင်မှုအနေအထားတွေဟာ အကောင်းဘက်ထက်ဆိုးရွားတဲ့ အကျိုး ဆက်တွေကို ခံစားကြရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ရခိုင်ပြည်သူ တွေဟာ အဲဒီလိုဖြစ်လာနိုင်ခြေရှိတဲ့၊ ဖြစ်နေတဲ့ အကျိုးဆက်တွေကို ရှောင်ရှား ဖြေရှင်းနိုင်ဖို့၊ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ဖို့ ကောင်းမွန်တဲ့ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေရှိရမယ့်အပြင် အဲဒီဥပဒေ တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့လိုပါတယ်။ ဒါတွေကို အကောင်အထည်ဖော်ဖို့အတွက်ကိုလည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးစားပေးမူဝါဒလုပ်ငန်းစဉ်အဖြစ် ချမှတ်ထားပါတယ်။
ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ရေလုပ်ငန်းတွေ၊ လယ်ယာမြေ လုပ်ငန်းတွေ၊ သဘာဝအရင်းအမြစ်နဲ့ ကုန်စည်ကူးသန်း ရောင်းဝယ်ရေး အစရှိတဲ့ ကဏ္ဍအသီးသီးမှာ ပြည်သူတွေကိုယ်တိုင် ပါဝင်ဆုံးဖြတ်နိုင်တဲ့ ယန္တရားတစ်ရပ်ကို သက်ဆိုင်ရာကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းအကောင် အထည်ဖော်ဖို့ လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်ထားပါတယ်။
ဒီနေ့ ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါးအန္တရာယ်ဟာ အထူးသဖြင့် လူငယ် တွေအတွက် စိုးရိမ်ဖွယ်ရာ အနေအထားတစ်ခုကို ရောက်ရှိနေပါတယ်။ ကွမ်းယာဆိုင်မှာကအစ ဝယ်ယူရရှိနိုင်တဲ့ မူးယစ်ဆေးဝါးတွေဟာ ရခိုင့် သွေးသစ်လူငယ်တွေ၊ အနာဂတ်ခေါင်းဆောင်တွေရဲ့ အညွန့်တလူလူတက်နေ တဲ့ ရွှေရောင်အနာဂတ်တွေကို ဆုံးရှုံးနေတာတွေဟာ ရင်နာစရာကောင်းလှပါ တယ်။ လက်လီ၊ လက်ကား ရောင်းဝယ်ဖောက်ကားနေသူတွေကအစ ရခိုင် ပြည်နယ်ရဲ့ အနာဂတ်ကို ဖျက်ဆီးနေတဲ့ မူးယစ်ရာဇာတွေအဆုံး ဖယ်ရှား ရှင်းလင်းနိုင်ဖို့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း အဓိကဦးစားပေး အချက်အနေနဲ့ ချမှတ်ထားပြီး သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းအကောင်အထည်ဖော်သွားပါမယ်။
လူငယ်တွေ၊ အလုပ်သမားတွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်များရဲ့ အခွင့် အရေးနဲ့ ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်သွားဖို့၊ ဒါ့အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအခွင့်အလမ်းများ တိုးတက်မြင့်မား ကောင်းမွန်ဖို့နဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားဖို့ကိုလည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေနဲ့ လုပ်ငန်းစဉ်များ ချမှတ်ထားပါတယ်။
ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်အဖြစ် စာရင်းဝင် နေတာဟာ ဆယ်စုနှစ်အတော်ကြာခဲ့ပါပြီ။ သယံဇာတပေါကြွယ်ဝပြီး နိုင်ငံ ရေး ပထဝီအနေအထား၊ စီးပွားရေးပထဝီအနေအထားအရ အချက်အချာ ကျလှတဲ့ ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာ ခုလို ဆင်းရဲတွင်းထဲက ရုန်းထွက် မရ ဖြစ်နေတယ်ဆိုတာဟာ အင်မတန်ရင်နာစရာကောင်းသလို အဓိပ္ပာယ်လည်း မရှိပါဘူး။ ဒါကြောင့် ဒီဆင်းရဲတွင်းနက်နေတဲ့ အနေအထားက ရုန်းထနိုင်ဖို့၊ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ချမှတ်ထားတဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို လက်တွေ့ထိထိရောက်ရောက် အကောင်အထည် ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ အဝေး ရောက် ရခိုင်ပြည်သူများအပါအဝင် ရခိုင်ပြည်နယ်မှာ ရှိနေကြတဲ့ ရခိုင် ပြည်သူများအနေနဲ့ ကျွန်တော်တို့နဲ့အတူ ညီညီညွတ်ညွတ် လက်တွဲ ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ခုလို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒနဲ့ လမ်းစဉ်တွေဟာ ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်း၊ ဒေါက်တာ ဦးစောမြအောင်တို့လို ပုဂ္ဂိုလ်တွေကစပြီး အမြော်အမြင်ရှိရှိ ချမှတ်ထားခဲ့ပြီး ရခိုင်ပြည်သူပြည်သားတွေရဲ့ အကျိုးစီးပွားကို အပြည့်အဝအကာအကွယ်ပေးမှာ ဖြစ်တဲ့အတွက် ရခိုင်ပြည်သူတွေဟာ ခုကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို မဲပေးကြဖို့ ပြောကြားလိုပါတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးမယ်ဆိုရင်တော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမှတ်အသားကတော့ ရွှေရောင် ဗျာလဖြစ်ပါတယ်။ ရခိုင်ပြည်သူ ပြည်သားတွေနဲ့အတူ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရဖို့၊ ကိုယ့်ပြည်ကို လူမျိုးခြားတွေရဲ့ အန္တရာယ်က ကာကွယ်နိုင်ဖို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ကို မဲပေးကြဖို့ အခိုင်အမာ တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်သူတွေ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့အတွက် ညီညီညွတ်ညွတ် နိုးထကြပါစို့။
အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment