Tuesday, September 25, 2018

အက်စ်-၃ဝဝ ဒုံးလက်နက်စနစ်များဆီးရီးယားထံသို့ ရုရှားထောက်ပံ့ပေးမည်

Image may contain: one or more people, sky and outdoor
မော်စကို စက်တင်ဘာ ၂၄
ရုရှားနိုင်ငံသည် အက်စ်-၃ဝဝ အမျိုးအစားမြေပြင်မှ ဝေဟင်ပစ်ဒုံးလက်နက်စနစ်များကို ဆီးရီး ယားနိုင်ငံထံသို့ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ်က ဆီးရီးယားနိုင်ငံရှိ ပင်လယ်ဆိပ်ကမ်းမြို့ကြီးဖြစ်သော လာတာကီယာမြို့အနီးတွင် ရုရှားထောက်လှမ်းရေး လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရခြင်းအတွက် အစ္စရေးနိုင်ငံကို တန်ပြန်နိုင်မည့် အစီအစဉ်အရ ဒုံးလက်နက်များကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံတွင် ထုတ်ဝေသော ကွမ်မာဆက် သတင်းစာက စက်တင်ဘာ ၂၄ ရက်တွင် ရေးသားဖော်ပြသည်။
ရေးသားဖော်ပြ
အစ္စရေးလေတပ်၏ဘေးအန္တရာယ်ပေးနိုင်မှုမှ တားဆီးကာကွယ်နိုင်ရေးအတွက် ဆီးရီးယား နိုင်ငံ၌ အက်စ်-၃ဝဝ ဒုံးလက်နက်စနစ်များ ဖြန့်ကြက်ထားရှိရန် လိုအပ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနမှ အထက်တန်းတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် သတင်းစာက ရေးသားဖော်ပြသည်။
ကာကွယ်စောင့်ရှောက်
ဆီးရီးယား၌ ဒုံးလက်နက်စနစ်များ ဖြန့်ကြက်ခြင်းဖြင့် အခြေအနေမှာ လွန်စွာပင် ထူးခြား သွားမည်ဖြစ်ကြောင်း၊ ဆီးရီးယား၏ လေကြောင်းပိုင်နက်ကို ခေတ်မမီတော့သည့် ဒုံးလက်နက် စနစ်များဖြင့် ကာကွယ်စောင့်ရှောက်နေရရာမှ ခေတ်မီဒုံးလက်နက်စနစ်များဖြင့် ကာကွယ် စောင့်ရှောက်ပေးနိုင်မည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment