Tuesday, September 25, 2018

ဟောင်ကောင်နှင့် တရုတ်နိုင်ငံတောင်ပိုင်း ဆက်သွယ်သည့်အမြန်ရထားလမ်းသစ် ဖွင့်လှစ်ပြီ

Image may contain: 1 person
ဟောင်ကောင် စက်တင်ဘာ ၂၄
တရုတ်နိုင်ငံမြို့တော် ပေကျင်းနှင့် ဟောင် ကောင်အကြား ချိတ်ဆက်ထားသည့် အမြန် ရထားလမ်းကို စက်တင်ဘာ ၂၃ ရက်တွင် စတင်ဖွင့်လှစ်လိုက်ကြောင်း၊ ဒေါ်လာ ဘီလီယံ များစွာ အကုန်အကျခံတည်ဆောက်ခဲ့သော အဆိုပါရထားလမ်း စီမံကိန်းသည် တရုတ် နိုင်ငံတောင်ပိုင်းရှိ ကွမ်ကျိုးနှင့် ရှန်ကျန်းမြို့ ကြီးများကို ဟောင်ကောင်နှင့် ဆက်သွယ်ထား ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက စက်တင်ဘာ၂၄ရက်တွင် သတင်းထုတ်ပြန်သည်။
အထူး အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် ဟောင်ကောင်တွင် တရုတ်လုံခြုံရေးတပ်ဖွဲ့များ ပထမဆုံးအကြိမ် စခန်းချလာနိုင်သည်။ အနောက်ကော်လွန်းကျွန်းဘူတာကြီး၏ ဆိပ် ကမ်း မျက်နှာစာတွင် တရုတ်တပ်ဖွဲ့ဝင်များကို လုံခြုံရေးတာဝန်ယူစေခြင်းမှာ တရုတ်ပြည်မ ကြီး၏ ဥပဒေအရဖြစ်သည်။ အထူး ပင်လယ် ဆိပ်ကမ်း ဧရိယာလုံခြုံရေးအတွက် တရုတ် တပ်ဖွဲ့ဝင်များက တာဝန်ယူမည်ဖြစ်သည်။
တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့သို့ စက်တင်ဘာ ၂၃ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် ပထမဆုံးအကြိမ် ရထားထွက်ခွာ မည့် ရထားဘူတာရုံသို့ ရာပေါင်းများစွာသော ခရီးသည်များ စုဝေးရောက်ရှိလာကြသည်။
လုပ်ဆောင်နိုင်
မိမိအနေဖြင့် ပြည်မကြီး၏ လုံခြုံရေး အစီအစဉ်များအတွက် စိုးရိမ်ပူပန်မှု မရှိ ကြောင်း၊ လုံခြုံရေး ပူးတွဲစစ်ဆေးရေး စခန်း များကို ဖွင့်လှစ်ခြင်းဖြင့် နယ်စပ်ဖြတ်ကျော် စိစစ်မှုလုပ်ငန်းများကို လျင်မြန်စွာ လုပ် ဆောင်နိုင်မည်ဖြစ်ကြောင်း အသက် ၃၉ နှစ် အရွယ် ရထားစီးခရီးသည် ချန်က ပြော ကြားသည်။
တရုတ်ပြည်မကြီးက ထိန်းချုပ်သော ဘူတာရုံများတွင် ပြည်မကြီးအတွင်းသို့ ဝင်ရောက်မည့် ဟောင်ကောင် ခရီးသွားများကို လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ဌာနများက စစ်ဆေးမည်ဖြစ်သည်။
တရုတ်နိုင်ငံတောင်ပိုင်းဒေသနှင့် ဟောင် ကောင်အကြား ဆက်သွယ်သော အမြန်ရထား ခရီးစဉ် ဖွင့်လှစ်နိုင်ခြင်းဖြင့် ကန်တုန်မှ ဟောင်ကောင်သို့ လေးနာရီအတွင်း သွား ရောက်နိုင်မည်ဖြစ်ရာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးအနေဖြင့် ကန်တုန်-ဟောင်ကောင် ခရီးစဉ်ကို နေ့ချင်းပြန် သွား ရောက်နိုင်မည်ဖြစ်သည်။
အေအက်ဖ်ပီ

No comments:

Post a Comment