Wednesday, September 26, 2018

အီတလီမြောက်ပိုင်းတွင် တောမီးလောင်ကျွမ်း လူရာပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း


Image may contain: 1 person, standing, cloud, sky, mountain, outdoor and nature
ရောမ စက်တင်ဘာ ၂၅
အီတလီနိုင်ငံမြောက်ပိုင်းတွင် စက်တင်ဘာ ၂၄ ရက် ညက တောမီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ပြီး ပီဆာမြို့အနီးရှိ ကယ်လ်စီမြို့အပါအဝင် မြို့အချို့ကို ခဏအတွင်းမှာပင် တောမီး ခြိမ်း ခြောက်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
ဧရာမ တောမီးကြီးကြောင့် ကယ်လ်စီမြို့၌ နေထိုင်ကြသူ ရာပေါင်းများစွာကို ဘေးလွတ် ရာသို့ ပြောင်းရွှေ့ပေးရသည်။ မီးသတ်သမား များသည် လေပြင်းထန်စွာ တိုက်ခတ်နေချိန် မှာပင် မီးလောင်ကျွမ်းမှု ကျယ်ပြန့်လာခြင်းကို တားဆီးနိုင်ရန် ကြိုးစားငြှိမ်းသတ်နေကြသည်။
အကျယ်အဝန်း ဟက်တာ ၆ဝဝ နီးပါး ရှိသည့်မြေနေရာကို တောမီးလောင်ကျွမ်း ခဲ့ကြောင်း ပီဆာမြို့မီးသတ်အဖွဲ့ အကြီးအကဲ ယူဂိုဒီအန်နာက ဒေသဆိုင်ရာ ရုပ်မြင်သံကြား ဌာနသို့ ပြောကြားသည်။ မီးလောင်ကျွမ်းမှုကို လတ်တလောတွင် ထိန်းထားနိုင်ပြီဖြစ် သော်လည်း မီးငြှိမ်းသတ်နိုင်ရေးအတွက် နာရီအတန်ကြာ ဆက်လက်လုပ်ဆောင်ရဦး မည်ဟု ၄င်းက ပြောကြားသည်။ မီးတောက် မီးလျှံများကို ထိန်းနိုင်ရန်အတွက် မီးသတ်လေယာဉ်နှစ်စင်း၊ မီးသတ်တပ်ဖွဲ့ဝင် ၈ဝ နှင့်အတူ စေတနာ့ ဝန်ထမ်းဦးရေ ၅ဝ တို့က ကူညီလုပ်ဆောင်နေကြသည်။
စက်တင်ဘာ ၂၃ ရက် ညတွင် အီတလီ နိုင်ငံမြောက်ပိုင်း ပီဆာမြို့အနီးတွင် တောမီး လောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ပြီး ခဏ အတွင်းမှာပင် ကယ်လ်စီ၊ မွန်တီမက်ဂန်နှင့် ဆန်လော်ရင်ဇိုအီလာတိုမြို့များကို တောမီးက ခြိမ်းခြောက်ခဲ့သည်။
သံလွင်ပင် သစ်ပင်အုပ်အား မီးစွဲလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ယင်းအနီးတွင် နေထိုင်သူ ၅ဝဝ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ သည်။ ယင်းနေရာရှိ ကောင်းကင်ပြင်တစ်ဝန်း သည် မီးလောင်ကျွမ်းမှုကြောင့် လိမ္မော်ရင့် ရောင်ပြောင်းသွားကြောင်း ယင်းနေရာ၌ ရှိနေ သည် အေအက်ဖ်ပီ ဓာတ်ပုံသတင်းထောက်က ပြောကြားသည်။ စက်တင်ဘာ ၂၄ ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဒေသပိုင် မီးသတ်ရဟတ်ယာဉ် လေးစင်းမှာ မြေပြင်၌ ရပ်နားထားရသည်။
အေအက်ဖ်ပီ

No comments:

Post a Comment