Thursday, September 27, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်းမှ ကျောင်းသား ကျောင်းသူများအား သြဝါဒအမှာစကားပြောကြား





Image may contain: 10 people, people smiling, people standing
 နေပြည်တော် စက်တင်ဘာ ၂၆



 နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၂)မှ ကျောင်းသား ကျောင်းသူများက ဂါရဝပြုသြဝါဒ ခံယူပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပသည်။
ဂါရဝပြုသြဝါဒခံယူပွဲ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဗိုလ်ချုပ်သန်းထွဋ်၊ သမ္မတရုံးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်လတ်၊
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ (၅)နှစ် သင်တန်းအမှတ်စဉ်(၂)မှ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သြဝါဒအမှာစကား ပြောကြားသည်။
(နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ သြဝါဒအမှာစကားကို စာမျက်နှာ ၄ တွင် ဖော်ပြထားပါသည်။)
ကျေးဇူးတင်စကားပြန်လည်ပြောကြား
ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ် (၂)မှ ကျောင်းသား ကျောင်းသူများ ကိုယ်စား ရှမ်းပြည်နယ် ''ဝ'' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်မှ ''ဝ''တိုင်းရင်းသူ မအိပေါင်လေးက ဂါရဝပြု ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။
လက်ဆောင်ပစ္စည်းပေးအပ်
ယင်းနောက် နိုင်ငံတော်သမ္မတထံ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များက ဂါရဝပြု အမှတ်တရလက်ဆောင်ပစ္စည်း ကို နေရာအရောက်ပေးအပ်ကြသည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၂)မှ ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၂)မှ ကျောင်း သား ကျောင်းသူများအား နယ်စပ်ရေးရာ ဝန်ကြီးဌာန၌ ဂုဏ်ပြုလက်ဖက်ရည်ဝိုင်း ဖြင့် တည်ခင်းဧည့်ခံသည်။
သတင်းစဉ်

No comments:

Post a Comment