Wednesday, September 26, 2018

သာတူညီမျှမှု အခြေခံဖြင့် ကုန်သွယ်ရေးပဋိပက္ခ ဖြေရှင်းရန် တရုတ်တိုက်တွန်း

Image may contain: sky, outdoor and water
ပေကျင်း စက်တင်ဘာ ၂၅
တစ်နိုင်ငံနှင့် တစ်နိုင်ငံ သာတူညီမျှမှုနှင့် အပြန်အလှန်လေးစားမှုဖြင့်သာ ကုန်သွယ် ရေးဆွေးနွေးပွဲကို ပြုလုပ်သင့်ကြောင်း၊ ကုန် သွယ်စည်းကြပ်ခွန်များ တိုးမြှင့်ကောက်ခံ နေစဉ်အတွင်း ခြိမ်းခြောက်မှု အသွင်ဖြင့် စေ့စပ်ဆွေးနွေးမှုပြုလုပ်စေခြင်းကို မိမိတို့ လက်ခံနိုင်မည် မဟုတ်ကြောင်း တရုတ်အစိုးရ အဖွဲ့က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြား လိုက်သည်။
တရုတ်နိုင်ငံလုပ်ကုန်ပစ္စည်းများ၏တန်ဖိုး ဒေါ်လာ ဘီလီယံ ၂ဝဝ အပေါ် ကုန်သွယ် စည်းကြပ်ခွန်များကောက်ယူမှုကို အမေရိကန် အစိုးရအဖွဲ့က စတင်လုပ်ဆောင်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် တရုတ်ဒုတိယကုန်သွယ် ရေးဝန်ကြီး ဝန်ရှုဝန်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ကုန်သွယ်ရေးပဋိပက္ခ ဖြေရှင်းနိုင်ရေး အတွက် မိမိတို့အနေဖြင့် စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကို ဖွင့်ထားသော်လည်း နှစ်ဖက် စလုံးအနေဖြင့် သာတူညီမျှမှုနှင့် အပြန် အလှန်လေးစားမှုတို့အပေါ် အခြေခံ၍သာ ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ¤င်းက ပြော ကြားသည်။
ယခုအချိန်မှာ အမေရိကန်က ကုန်သွယ် ရေးကန့်သတ်ချက်များ အကြီးအကျယ်ပြုလုပ် နေချိန်ဖြစ်ကြောင်း၊ လူတစ်ဦး၏လည်ပင်းကို ဓားဖြင့် ထောက်လျက်တစ်ဖက်လူ အညံ့ခံ စေရန် လုပ်ဆောင်နေခြင်းမျိုးကို လက်ခံ နိုင်မည်မဟုတ်ကြောင်း အဆိုပါတာဝန်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ဖိတ်ခေါ်ခဲ့
နှစ်နိုင်ငံ ကုန်သွယ်ရေးဆွေးနွေးပွဲပြုလုပ် ရန် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီ ဗင်အမ်နူချင်က တရုတ်တာဝန်ရှိသူများအား ဖိတ်ခေါ်ခဲ့ပြီးဖြစ်သည်။ သို့ရာတွင် အမေ ရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများ၏ ဒေါ်လာ ၂၆၇ ဘီလီယံအပေါ် နောက်ထပ်အခွန်စည်း ကြပ်ကောက်ခံမှု တိုးမြှင့်ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ရာ ကုန်သွယ်ရေးဆွေးနွေးပွဲ ပြုလုပ်နိုင်မည့် အလားအလာမှာ မှေးမှိန်သွား ရသည်။
ဒုတိယဝန်ကြီး ဝန်သည် သြဂုတ်လ အတွင်း ဝါရှင်တန်တွင် အမေရိကန် တာဝန် ရှိသူများနှင့် တွေ့ဆုံခဲ့သော်လည်း ကမ္ဘာ့ စီးပွားရေးအင်အား အကြီးဆုံး နှစ်နိုင်ငံအကြား အထက်တန်းတာဝန်ရှိပုဂ္ဂိုလ်အဆင့် ဆွေးနွေး မှုများ ပြုလုပ်နိုင်ခြင်း မရှိသည်မှာ လပေါင်းအတန်ကြာမြင့်ခဲ့ပြီဖြစ်သည်။
အေအက်ဖ်ပီ

No comments:

Post a Comment