Tuesday, September 25, 2018

မန်ယူနောက်တန်းကစားသမား စမောလင်းတစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုမည်

Image may contain: 1 person
ပရီမီယာလိဂ်ကလပ် မန်ယူအသင်း သည် နောက်တန်းကစားသမား စမောလင်း အား တစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်
ထပ်တိုးချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။
အသက် ၂၈ နှစ်အရွယ်ရှိ နောက်တန်း ကစားသမား စမောလင်းသည် မန်ယူအသင်း နှင့် လက်ရှိစာချုပ်သက်တမ်းသည် တစ်နှစ် ကျန်ရှိနေသေးသော်လည်း အသင်းအတွက် လိုအပ်နေသည့် နောက်တန်းခံစစ်ကြောင်းကို အားဖြည့်ရန်အတွက် စာချုပ်သစ်ထပ်မံချုပ် ဆိုရန် မန်ယူအသင်းက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စမောလင်းသည် ၂ဝ၁ဝ ခုနှစ်က ဖူလ်ဟမ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေးပေါင် ၁ဝ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး မန်ယူအသင်းတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်းကြောင့် ပရီမီယာလိဂ် ပြိုင်ဘက် အာဆင်နယ်အသင်းက ခေါ်ယူရန် ပစ်မှတ်ထားခြင်း ခံထားရကြောင်း သိရ သည်။
စမောလင်းသည် မန်ယူအသင်းသို့ ရောက်ရှိလာခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ်မှ စတင်ကာ လက်ရှိအချိန်အထိ ပွဲပေါင်း ၁၈၆ ပွဲအထိ ပါဝင်ကစားပေးခဲ့ရာတွင် သွင်းဂိုး ၁၂ ဂိုးအထိသွင်းယူထားနိုင်ခဲ့ကြောင်းလည်း သိရသည်။
ငွေကြယ်

No comments:

Post a Comment