
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံး သင်တန်းခန်းမ၌ သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်းအမှတ်စဉ် (၅) ဖွင့်ပွဲကို စက်တင်ဘာ ၃ ရက် နံနက် ၉ နာရီတွင် အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးကျော်ဇင်စိုး ညွှန်ကြားရေးမှူး(စီမံ) က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သတင်းရေးသားကြသူများအနေဖြင့် သင်တန်းမှ သင်ကြားပေးမှုများအား အကျိုးရှိစွာ လေ့လာသင်ယူကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သင်တန်းသား ၃၂ ဦး တက်ရောက်လျက်ရှိပြီး သတင်းစီးဆင်းမှု၊ သတင်းအရင်းအမြစ်များရှာဖွေခြင်း၊ သတင်းဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းရေးသားခြင်း၊ သတင်းဆောင်းပါးရေးသားခြင်း၊ သတင်းဖတ်ရှုသူ၏အမြင်၊ သတင်းစာရှင်းလင်းပွဲကဏ္ဍ၊ သတင်းများထုတ်ပြန်ခြင်း၊သတင်းမီဒီယာဥပဒေ၊ စာနယ်ဇင်းကျင့်ဝတ်၊သတင်းဓာတ်ပုံပညာစသည့် ပညာရပ်များကိုစက်တင်ဘာ ၃ ရက်မှ ၂၁ ရက်ထိ ရက်သတ္တသုံးပတ်ကြာ စာတွေ့လက်တွေ့များဖြင့် ဆွေးနွေးသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ခိုင်(သန်လျင်)
No comments:
Post a Comment