
ဝါတွင်းကာလ ရက်ပေါင်း ၉ဝ အတွင်း မုံရွာမြို့ဆုတောင်းပြည့်ဘုရားကြီးပိဋကတ်စာကြည့်တိုက်သို့ နေ့စဉ် (သို့မဟုတ်) မိမိကြိုက်ရာအချိန်များတွင် ကာတွန်းနှင့် ကလေးစာပေများ လာရောက်ဖတ်ရှုသူ ကလေးငယ်များကို စာကြည့်တိုက်အသင်းဝင်ကတ်ပြားထုတ်ပေးကာ ပုံပြောပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုသည့် ကလေးစာဖတ်ဝိုင်းအစီအစဉ်
စတင်ရာ အောင်မြင်ကြောင်း သိရသည်။
စတင်ရာ အောင်မြင်ကြောင်း သိရသည်။
''ဝါတွင်းကာလ ရက် ၉ဝ မှာ နေ့စဉ် ဒါမှမဟုတ်ကိုယ်ကြိုက်တဲ့အချိန် စာကြည့်တိုက်ကို ကာတွန်းနဲ့ကလေးစာပေတွေ လာဖတ်ရမှာဖြစ်ပြီး တစ်ကြိမ်လာဖတ်ရင် စာကြည့်တိုက်ကထုတ်ပေးထားတဲ့ကတ်ပြားမှာ စာကြည့်တိုက်တံဆိပ်တုံး ရိုက်နှိပ်ပေးပြီး ၁ဝ ကြိမ်ပြည့်ရင် အသင်းသားဖြစ်ခွင့်ရပါပြီ။ ၁၅ ကြိမ် တံဆိပ်တုံးရိုက်ပြီးရင်တော့ ပုံပြောပြိုင်ပွဲဝင်ခွင့်ရပြီဖြစ်ပါတယ်'' ဟု ဆုတောင်းပြည့်ဘုရားကြီးဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးတင်ဝင်းမြင့်က ပြောသည်။
မူလတန်းကျောင်းများက စုစည်း၍ လာရောက်စာဖတ်သည့်နေ့များနှင့် ဝါတွင်းဥပုသ်နေ့ ညနေ ၄ နာရီမှ ၆ နာရီအတွင်း စာကြည့်တိုက်သို့ စာဖတ်လာသူ ကျောင်းသား ကျောင်းသူများကို အာဟာရကျွေးမွေးခြင်းနှင့်အတူ လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးနေကြောင်း သိရသည်။
''လက်ရှိကတော့ ဥပုသ်နေ့ညနေဆိုရင် ဆန်တန်းမူလတန်းကျောင်း၊ ဘုရားကြီးမူလတန်းကျောင်း၊ တရုတ်ဘုံကျောင်းမူလတန်းကျောင်းနဲ့ ရေဝန်းယဉ်ကျေးလိမ္မာကျောင်းများက ကလေးငယ် ၃ဝဝ ကျော်နဲ့ တခြားကလေးငယ်တွေ ကာတွန်းလာဖတ်ကြ၊ စာပြိုင်ဖတ်နေကြပါပြီ။ အခုလိုစီစဉ်ရတာကကလေးငယ်တွေ စာဖတ်ကျင့်ရှိပြီး တစ်ဦးနဲ့တစ်ဦးရင်းနှီးချစ်ခင်ပြီး ဗဟုသုတတွေရစေချင်တဲ့အတွက်ပါ။ ကာတွန်းစာအုပ်နဲ့ ကလေးစာပေ စာအုပ်အမျိုးပေါင်း ၁ဝဝဝ ကျော်ကို စာကြည့်တိုက်ထဲ နေရာအနှံ့ချပေးပြီး ဖတ်စေတာဖြစ်ပါတယ်။ အခုလိုလုပ်
လိုက်တော့ ကလေးတွေ စာဖတ်ချင်လာတာကိုတွေ့ရပါတယ်။ ဝါတွင်းဥပုသ်နေ့တိုင်း ညနေ ၄ နာရီက ၆ နာရီထိ အသက်ငါးနှစ်ကနေ ၁ဝ နှစ်ထိ ကလေးစာဖတ်ဝိုင်းရှိတဲ့အတွက် လူကြီးစာဖတ်သူတွေကို
ပြင်ပစာဖတ်ဆောင်ကိုသွားပြီး စာဖတ်ကြဖို့မေတ္တာရပ်ခံထားပါတယ်'' ဟု မုံရွာမြို့ ဆုတောင်းပြည့်ပိဋကတ်စာကြည့်တိုက်တာဝန်ရှိသူက ရှင်းပြသည်။
လိုက်တော့ ကလေးတွေ စာဖတ်ချင်လာတာကိုတွေ့ရပါတယ်။ ဝါတွင်းဥပုသ်နေ့တိုင်း ညနေ ၄ နာရီက ၆ နာရီထိ အသက်ငါးနှစ်ကနေ ၁ဝ နှစ်ထိ ကလေးစာဖတ်ဝိုင်းရှိတဲ့အတွက် လူကြီးစာဖတ်သူတွေကို
ပြင်ပစာဖတ်ဆောင်ကိုသွားပြီး စာဖတ်ကြဖို့မေတ္တာရပ်ခံထားပါတယ်'' ဟု မုံရွာမြို့ ဆုတောင်းပြည့်ပိဋကတ်စာကြည့်တိုက်တာဝန်ရှိသူက ရှင်းပြသည်။
မျိုးဝင်းထွန်း(မုံရွာ)
No comments:
Post a Comment