Tuesday, September 4, 2018

မြို့နယ်အဆင့် ကရင်ရိုးရာစုပေါင်းချည်ဖြူဖွဲ့မင်္ဂလာ ကျင်းပ

Image may contain: 6 people, people sitting and table
သံဖြူဇရပ် စက်တင်ဘာ ၃
မြို့နယ်အဆင့် ကရင်တိုင်းရင်းသားရိုးရာ စုပေါင်းချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၃ ရက် နံနက် ၇ နာရီက သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောအောင်မြင့်ခိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဥာဏ်ဟိန်းနှင့် ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်သည်။
ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ''ကရင်တိုင်းရင်းသားရိုးရာ လက်ချည်ခြင်းအစဉ်အလာနှင့် ဆောင်ရွက်မှုအနှစ်သာရမှာ လိပ်ပြာ ခေါ်ခြင်းဓလေ့အပါအဝင် စည်းလုံးညီညွတ်စွာနေထိုင်ခြင်း၊ ဥာဏ်ပညာတိုးတက်အောင် ကြံဆောင်ခြင်း၊ အများအကျိုးအတွက် ကူညီခြင်း၊ အမှန်အမှားကို ခွဲခြားနားလည်ခြင်းအပါအဝင် ဘိုးဘွားစဉ်ဆက်၏ အဆုံးအမများပင်ဖြစ်ကြောင်း၊ သို့ပါ၍ လက်ချည်ပွဲနှင့်အတူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ပေး
ကြရန် ပြောကြားသည်။
ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဥာဏ်ဟိန်းက ကရင် ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲအတွက် ဂုဏ်ပြုစကားပြောကြားပြီး ချည်ဖြူဖွဲ့မင်္ဂလာဖြစ်ပေါ်လာရခြင်းကို ကရင်ဘာသာဖြင့် စောကျင်ခိုင်နှင့် မြန်မာဘာသာဖြင့် ဒေါ်နန်းနွယ်ကပြောကြားကာ ကရင်ရိုးရာအစဉ်အလာနှင့်အညီ လက်ချည်ဖွဲ့ခြင်းမင်္ဂလာပွဲ ကျင်းပကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)

No comments:

Post a Comment