
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်UNDPတို့ ပူးပေါင်း၍ ကချင်ပြည်နယ်တရားလွှတ်တော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် မျှတသော တရားခွင်ဆိုင်ရာ အခွင့်အရေးများ၊ တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်များနှင့် သက်ဆိုင်သည့် အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ Madira Hotel အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာနှင့် UNDPမှ တရားဥပဒေစိုးမိုးရေး တာဝန်ခံအရာရှိ Jane Abudho တို့က အဖွင့်နှုတ်ခွန်းဆက်နှင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူး (လေ့ကျင့်) နှင့် ပြည်နယ်တရားရေးမှ တာဝန်ရှိသူများ၊ UNDP မှ တာဝန်ရှိသူများနှင့် ဦးဆောင်ဆွေးနွေးမည့်သူများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်တို့မှ တရားသူကြီးများနှင့် တရားရေးအရာရှိများ တက်ရောက်ကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂ဝ၁၈-၂ဝ၂၂) ရည်မှန်းချက်ဖြစ်သည့် လူတိုင်းသို့ အရည်အသွေးမြင့် တရားမျှတမှုကို ဖြည့်ဆည်းပေးရန်နှင့် တရားရုံးများအပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှုနှင့် ထိရောက်မှုရှိသည့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန် တရားရုံး
များရှိ တရားသူကြီးများ၊ တရားရေးအရာရှိများအား စွမ်းဆောင်ရည်မြှင့်တင်ပေးပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီဖြစ်စေရေး ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
များရှိ တရားသူကြီးများ၊ တရားရေးအရာရှိများအား စွမ်းဆောင်ရည်မြှင့်တင်ပေးပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီဖြစ်စေရေး ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဦးလေးကြီး
No comments:
Post a Comment