Tuesday, September 25, 2018

ဆရာတော် ဘဒ္ဒန္တ သောဘိတအား ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံမှ ကမ္ဘာ့ဗုဒ္ဓဘာသာခေါင်းဆောင်ဆုနှင့် နတ်(ဂ)ပူးမြို့၏ အကြီးကျယ်ဆုံးဆု ချီးမြှင့်

Image may contain: 3 people, people smiling, people standing
နေပြည်တော် စက်တင်ဘာ ၂၄
အိန္ဒိယနိုင်ငံ နတ်(ဂ)ပူးမြို့၌ စက်တင်ဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိသောInternational Buddhist Youth Conferenceအခမ်းအနား၌ စစ်ကိုင်းမြို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေး စင်တာကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ သောဘိတအားWorld Outstanding Buddhist Leader Award ဆုနှင့် နတ်(ဂ)ပူးမြို့၏ အကြီးကျယ်ဆုံးဆုဖြစ် သောDr.B.R. Ambedkar International Buddhist Award ဆုတို့ကို ယနေ့ ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
ဆရာတော်သည် မကြာသေးမီကပင် ဆွီဒင်နိုင်ငံမှချီးမြှင့်သော ကမ္ဘာ့ဗုဒ္ဓ ငြိမ်းချမ်းရေး ဆုကို လက်ခံထားပြီးဖြစ်ကာ ယခုအခမ်း အနားကို နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ဘာသာရေး ခေါင်းဆောင်များ၊ ပြည်နယ်အစိုးရများ၊ ဌာနဆိုင်ရာများ စုစုပေါင်း ၁ဝဝဝ ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ကမ္ဘာ့ဗုဒ္ဓ ဘာသာ ခေါင်းဆောင်ဆု ငါးဆု (World Outstanding Buddhist Leader Award) နှင့် နတ်(ဂ)ပူးမြို့၏ အကြီးကျယ်ဆုံးဆုဖြစ် သော Dr.B.R.Ambedkar International Buddhist Award ဆု ငါးဆုတို့အား ဗုဒ္ဓဘာသာ နှင့် ငြိမ်းချမ်းရေးကိစ္စများ၊ လူသားအကျိုးပြု လုပ်ငန်းများတွင် ကြိုးစားဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ခန့်အပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် ဆရာတော်က ကျေးဇူးတင်ဂုဏ်ပြုစကား မိန့်ကြားသည်မှာ ''ယခုလက်ခံရရှိတဲ့World Outstanding Buddhist Leader Award ဆုနဲ့ Dr.B.R. Ambedkar International Buddhist Award ဆုတို့ဟာဆိုရင် မြန်မာနိုင်ငံ တစ်ခုတည်းအတွက်သာမက ဗုဒ္ဓဘာသာ အဝန်းအဝိုင်း၊ အိန္ဒိယပြည်နှင့် ကမ္ဘာ့လူသားမျိုး နွယ်တစ်ခုလုံးအတွက် ငြိမ်းချမ်းရေး ဖော်ဆောင်ပေးရမယ့်ဆုအဖြစ် မှတ်ယူလက်ခံ ထားပါတယ်။ ဒီဆုတံဆိပ်ကိုလက်ခံပြီး ဘုန်းဘုန်းအတွက် ကမ္ဘာလောကသားတွေ အပေါ် လူသားဖြစ်တည်မှုရဲ့ အစစ်အမှန် တန်ဖိုး၊ အကြမ်းမဖက် စစ်မှန်တဲ့ငြိမ်းချမ်း ရေးကို တည်ဆောက်ရယူရမယ်လို့ သန္နိဋ္ဌာန် ချမှတ်ယုံကြည်ထားပါတယ်''ဟု မိန့်ကြား သည်။
ဆရာတော်သည် စစ်ကိုင်းမြို့ စစ်ကိုင်း တောင်ရိုး၌ ပရိယတ္တိစာသင်တိုက်၊ ဘုန်းတော် ကြီးသင် ပညာရေးအထက်တန်းကျောင်း၊ Center for Human Resources Development တို့ကို ဖွင့်လှစ်ထားရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့တွင်လည်း သီတဂူဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ် ထားရှိကာ ဥရောပတိုက် နယ်သာလန်နိုင်ငံ အမ်စတာဒန်မြို့တွင်လည်း ဗုဒ္ဓဘာသာ သာသနာပြုကျောင်း တည်ထောင်ဖွင့်လှစ်ထား ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment