Tuesday, September 25, 2018

မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း တရုတ်နိုင်ငံမှ မြေတူးဖော်မှု နယ်စပ်ဒေသအာဏာပိုင်အဖွဲ့မှ ကန့်ကွက်လွှာပေးပို့ဆောင်ရွက်

Image may contain: one or more people, grass, mountain, sky, outdoor and nature
မူဆယ် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်)မြို့ ဖိုင်ကောင်းကျေးရွာအုပ်စု မန်ကျယ်ကျေးရွာ ၏ မြောက်ဘက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်တွင် စက်တင်ဘာ ၁၉ ရက် နံနက် ၇ နာရီခန့်က တရုတ် နိုင်ငံဘက်မှ မြန်မာနယ်နိမိတ်အတွင်း ကွန်ကရစ်နံရံ ပြုလုပ်မှုကို မြန်မာဘက်ခြမ်းမှအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကွင်းဆင်းကြည့်ရှု၍ မူဆယ်မြို့နယ်စပ်ဒေသအာဏာပိုင်အဖွဲ့က တရုတ်နိုင်ငံ ရွှေလီမြို့ ပြည်ပရေးရာဌာနသို့ ကန့်ကွက်လွှာပေးပို့ခြင်းများ ဆောင်ရွက်ခဲ့သည်။ ယင်းသို့ ဆောင်ရွက်ပြီး ညနေ ၅ နာရီတွင် တရုတ်နိုင်ငံဘက်မှ လာရောက်ဖယ်ရှား ရှင်းလင်းသော်လည်း မြေတူးဖော်ထားရှိမှုမှာ မူလ အတိုင်းသာရှိနေ၍ စက်တင်ဘာ ၂၃ ရက် နံနက် ၁၁ နာရီခွဲတွင် ဒေသခံများ၊ လယ်သမားများက မြေစာပုံများကို သွားလာရေး အဆင်ပြေချောမွေ့စေရန် ပြန်လည်မြေဖို့ခဲ့ ကြကြောင်း သိရသည်။
ဆက်လက်၍ စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ပန်ဆိုင်း(ကြူကုတ်) မြို့အုပ်ချုပ်ရေးမှူးနှင့် နယ်မြေရဲစခန်းမှူးတို့ သွားရောက်ကြည့်ရှုပြီး ကွင်းဆင်း စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံဘက်မှ လမ်းကိုဖြတ်၍ တူးဖော် ထားသောမြေအား မူလအတိုင်းပြန်လည်တည်ရှိနေပြီ ဖြစ်ကြောင်းနှင့် ဒေသခံများလည်း ပုံမှန်သွားလာလျက်ရှိ ကြောင်း သိရသည်။
ဗန်ရိုးထန် (ပြန်/ဆက်)

No comments:

Post a Comment