Saturday, September 1, 2018

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို အခြေခံပညာကျောင်းများသို့ ရန်ပုံငွေပေးအပ်ပွဲတက်ရောက်

Image may contain: 3 people, people standing and indoor
လွိုင်ကော် သြဂုတ် ၃၁
ကယားပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ
အတွက် လိုအပ်သော စာရေးခုံ၊ စာသင်ခုံ၊ ကျောင်းစာ
ကြည့်တိုက်သုံးဗီရို၊ ပရိဘောဂပစ္စည်းများ၊ သောက်သုံးရေ
လှောင်ကန်များ၊ ကျောင်းခြံစည်းရိုးကာရံခြင်းများ ပြုလုပ်
နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေး
အပ်ခြင်းကို သြဂုတ် ၃ဝ ရက် နံနက် ၉ နာရီက
ပြည်နယ် ပညာရေးမှူးရုံး ပညာဗိမာန်ခန်းမ၌ ကျင်းပ
သည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပညာရေး
မိသားစုဝင်များအားလုံးဟာ ညီအစ်ကိုမောင်နှမစိတ်ဓာတ်
ထားပြီး အတူတကွပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း၊
ပြည်နယ်ပညာရေးမှူးကလည်း လက်အောက်ဝန်ထမ်း
များရဲ့ အားကိုရယူရသည့်အတွက် မူဘောင်နဲ့ညီညွတ်တဲ့ လုပ်ပိုင်ခွင့်များ ပေးအပ်ဖို့လိုကြောင်း၊ လုပ်ပိုင်ခွင့်ရရှိမှသာ ရဲရဲရင့်ရင့်လုပ်ကိုင် ဆောင်ရွက်နိုင်ပြီး ပူးပေါင်းပါဝင်မှု
အားကောင်းလာမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း
များအတွက် ပရိဘောဂများ၊ အာဟာရနို့များ၊ သောက်သုံး
ရေလှောင်ကန်များ၊ ကျောင်းစာကြည့်တိုက်သုံးဗီရိုများ၊
ကျောင်းခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်
ရန်အတွက် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်
စာရင်းစစ်ချုပ်တို့မှ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးနှင့်
ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းအကျိုးတော်ဆောင်
များထံသို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်ပညာ
ရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစောအယ်ဒိုဝါးက ကျေးဇူး
တင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်
ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊
မြို့နယ်များမှ အခြေခံပညာအထက်တန်း ကျောင်းအုပ်
များ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်
များ၊ ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရ
သည်။
အောင်ထွန်းလေး

No comments:

Post a Comment