Saturday, September 1, 2018

ကျောက်ဆည်မြို့တွင် ဓားထိုးမှုဖြစ်ပွားရာမှ ကျောင်းသားတစ်ဦးသေဆုံး၊ ပြစ်မှုကျူးလွန်သူများအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

Image may contain: one or more people
ကျောက်ဆည် သြဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် သြဂုတ် ၂၉ ရက် ည ၁ဝ နာရီခွဲခန့်က ပြည်လုံးနိုင်ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းဘေးတွင် လူငယ်များ ခိုက်ရန် ဖြစ်ပွားရာမှ ဓားထိုးမှုဖြစ်ပွားပြီး တတိယနှစ်(စက်မှု) နည်းပညာတက္ကသိုလ် ကျောက်ဆည်မှကျောင်းသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အေးမြကြည်လင်ရပ်ကွက် 'ဇူ' အဆောင် တွင်နေသော သန့်ဇင်မင်း တတိယနှစ်(စက်မှု)နည်းပညာ တက္ကသိုလ်သည် ဆိုင်ကယ်စီးပြီး သူငယ်ချင်းဖြစ်သူ အေးမြကြည်လင်ရပ်ကွက် 'အန်တီလပ်' အဆောင်နေ နေမင်းထက် တတိယနှစ်(MP)နှင့်အတူ ပြည်လုံးနိုင် ရပ်ကွက်ရှိ စားသောက်ဆိုင်သို့သွားရာ ညောင်ခြောက်ပင် ရပ်ကွက် 'မေသောင်း' အဆောင်ရှေ့အရောက်တွင် လူသုံးဦးစီးနင်းလာသည့် ဆိုင်ကယ်နှင့် တိုက်မိမလိုဖြစ်ပွား ခဲ့ပြီး စကားများရာမှ နေမင်းထက်မှာ ဓားထိုးခံရသဖြင့် ကျောက်ဆည် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် ဆေးရုံတွင် သေဆုံးသွားသည်။
မြို့မရဲစခန်းမှ အခင်းဖြစ်ပွားရာ CCTV ကင်မရာ မှ တရားခံများအား ခြေရာခံလိုက်ရာ တစ်နာရီအတွင်း အေးမြကြည်လင်ရပ်ကွက်တွင် အလီဘိုင်(ခ)မင်းခန့်ကျော်၊ အောင်သူဟိန်းနှင့် မင်းချစ်အောင်တို့အား ဖော်ထုတ် ဖမ်းဆီးရမိပြီး ၎င်းတို့အား မြို့မရဲစခန်းက အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment