Thursday, September 27, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းများ ဆောင်ရွက်


Image may contain: one or more people, outdoor and nature
နေပြည်တော် စက်တင်ဘာ ၂၆
မောင်တောမြို့နယ် နယ်မြေ(၁) အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ဗန္ဓုလရဲကင်းစခန်းမှ ရဲမှူး ဇော်လင်း အောင် ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ စကားပြန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁ ) BGB တပ်ရင်း Targupara ကင်းစခန်းမှ Naib Subedar Md. Rulwl Amin ဦးစီး သောအဖွဲ့ဝင်များ၊ စကားပြန်၊ လမ်းပြ လေးဦးတို့သည် စက်တင်ဘာ ၂၅ ရက် နံနက် ၁ဝ နာရီ မိနစ် ၅ဝ မှ မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝ အထိ မိမိတို့ နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ် ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ် မှတ်တိုင် (၅၂)မှ (၅၃)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင် လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၁၁ နာရီ မိနစ် ၄ဝ မှ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် အထိ မောင်တောမြို့နယ် နယ်မြေ(၂) အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ငါးရံ့ချောင်းကင်းစခန်းမှ ဒုတိယရဲမှူး အောင်ကျော်ကျော် ဦးစီးသည့် တပ်ဖွဲ့ ဝင်များ၊ စကားပြန်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အမှတ်(၃၄)BGB တပ်ရင်း Rejupara ကင်းစခန်းမှ Naib Subedar Md. Mojibur Rahman ဦးစီးသော တပ်ဖွဲ့ဝင်များသည် မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ် ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင်(၄၁)မှ (၄၁/၂) ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင် လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား

No comments:

Post a Comment