Thursday, September 6, 2018

ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပမည်

No automatic alt text available.
နေပြည်တော် စက်တင်ဘာ ၅
မြန်မာနိုင်ငံကြက်ခြေနီအသင်းက စက်တင်ဘာ ၈ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားကို အဆိုပါနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်းမကြီးပေါ်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ် စုဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။
ယခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ ဆောင်ပုဒ်မှာ ''First Response to Road Crashes'' ''လမ်းပေါ်မတော်တဆဖြစ်မှုများ၊ ရှေးဦးပြုစုခြင်းဖြင့် ချက်ချင်းတုံ့ပြန်ဆောင်ရွက်ပေး'' ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment