ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် သြဂုတ် ၂၉ ရက် နံနက်ပိုင်းကဆွာချောင်းတမံ ပင်မရေပိုလွှဲကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ကျေးရွာပေါင်းများစွာ ရေဘေးသင့်ခဲ့ကြရပြီး ရေဘေးသင့်ခဲ့သော ဒေသခံပြည်သူများအား ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက ကူညီထောက်ပံ့မှုများအမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အနယ်နယ်အရပ်ရပ်
မှ စေတနာရှင်များက နေ့စဉ်လာရောက် လှူဒါန်းလျက်ရှိသည်ကို တွေ့ရသည်။

စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက အိုရီယမ်တယ်ဟိုင်းဝေးကုမ္ပဏီမှ
ဆွာမင်းလမ်း၊ ဆီဆုံကုန်း၊ ရွှေသပြေ၊ မြောက်လွှတ်ကုန်း၊ ကရင်ရွာ၊ အေးသာယာ၊ ဆွေသာယာကျေးရွာများရှိ အိမ်ထောင်စု ၈၃၅ စု၊ လူဦးရေ ၃၃၉၇ ဦးအတွက် ဆန်အိတ်ပေါင်း ၁ဝဝဝ၊ တစ်လီတာဝင်ဆီဘူး ၃ဝဝဝ တို့ကို ထောက်ပံ့လှူဒါန်းခဲ့သည်။ ထို့အပြင် ဝေဠုကျော်ဖောင်ဒေးရှင်းမှ ဆွာမြို့ဝန်းကျင်ရှိ ကျေးရွာများသို့ ဆန်၊
ဆီ၊ စားသောက်ဖွယ်ရာ၊ အဝတ်အထည်နှင့် အလှူငွေများကိုလည်းကောင်း၊ ကုဘိုတာကုမ္ပဏီ (KMCL) ရန်ကုန်မြို့မှ ဆန် ၁၂၅ အိတ်၊ တစ်လီတာဝင်ဆီဘူး ၁ဝဝဝ၊ ခေါက်ဆွဲခြောက် ၅ဝဝဝ ထုပ်၊ ငါးသေတ္တာဘူး ၂ဝဝဝ တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုလွင်(ဆွာ)
No comments:
Post a Comment