Tuesday, September 25, 2018

ပေါင်းတည်မြို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

No automatic alt text available.
ပေါင်းတည် စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များ၊ ပြည်ခရိုင်မှုခင်း နှိမ်နင်းရေးဌာနစုမှ ရဲအုပ်သိန်းဦးနှင့်တပ်ဖွဲ့ဝင်များ၊ ပေါင်းတည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က တိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် ဈေး(၁)ရပ်ကွက် ၁၃ လမ်းရှိ သားကြီး(ခ) ထွန်းထွန်းလင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်နောက်ဖေး အိပ်ခန်းအတွင်း သားကြီး(ခ)ထွန်းထွန်းလင်း၊ ဖြိုးကြွယ် မအူကုန်းရပ်ကွက် ဗိုလ်ဗုန်းမြင့်လမ်း လက်ပံတန်းမြို့နေသူနှင့်အတူ ဆေးခြောက် အလေးချိန် ၂၅ ဒသမ ၁၅ ဂရမ်၊ ICEသုည ဒသမ ၁၉ ဂရမ်နှင့် WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၃၁၄ဝ၊ ဆိုင်ကယ်တစ်စီး၊ ငွေကျပ် ၅ဝဝဝဝဝ တို့ကို သိမ်းဆည်းရမိခဲ့သည့်အတွက် ၎င်းတို့နှစ်ဦးအား ပေါင်းတည်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment