Saturday, September 1, 2018

တနင်္သာရီတိုင်းဒေသကြီးအတွင်း လာရောက်ကြသည့် ခရီးသွားဧည့်သည်များအားအောက်တိုဘာ (၁) ရက်မှစတင်ကာ ပုလဲမွေးမြူရေးလုပ်ငန်း လေ့လာကြည့်ရှုခွင့်ပြုမည်

Image may contain: one or more people, outdoor, nature and water
မြိတ် သြဂုတ် ၃၁
တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံခြားငွေပိုမိုရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ နိုင်ငံပိုင် ပုလဲမွေးစခန်းနှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီလေးခု၏ ပုလဲမွေးစခန်းတို့တွင် အောက်တိုဘာ ၁ ရက်မှစတင်ကာ ပွင့်လင်းရာသီများအတွင်း ခရီးသွားဧည့်သည်များကို ပုလဲမွေးမြူရေး
လုပ်ငန်းအား လေ့လာကြည့်ရှုခွင့် ပြုသွားမည်ဖြစ်ကြောင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။
''ခရီးသွားလုပ်ငန်းအတွက် ကျွန်တော်တို့ရဲ့ ကျွန်းတွေမှာ သတ်မှတ်ထားတဲ့ အပိုင်းအနေနဲ့ ခရီးသွားလုပ်ငန်းရေယာဉ်များကို ပုလဲမွေးဧရိယာထဲ ဝင်ရောက်ခွင့်မပြုပါဘူး။ အပြင်မှာပဲ ဗောတန်းနဲ့ ကျောက်ချရပ်နားရမယ့်နေရာကို သတ်မှတ်ထားပါ့မယ်။ သက်ဆိုင်ရာစခန်းများမှ ဖိုက်ဘာလှေငယ်နဲ့ လာရောက်ကြိုဆိုပြီး ခရီးသွားတွေကို ပုလဲ
မွေးမြူရေး ပြသမှာဖြစ်ပါတယ်။ ပုလဲစခန်းတွေရဲ့ ဝတ်ဆံသွင်းကာလနဲ့ ပုလဲဖော်ကာလတွေနဲ့ တိုက်ဆိုင်တဲ့အခါမှာ သတ်မှတ်ထားတဲ့နေရာမှလေ့လာကြည့်ရှုသွားရမှာ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းတွေအတွက် စည်းကမ်းချက်တွေကို မကြာမီ တရားဝင်ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်'' ဟု မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်
ရေးလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးမျိုးလွင်က ပြောသည်။
ပုလဲစခန်းဖွင့်လိုက်တဲ့အပေါ်မှာ ခရီးသွားလုပ်ငန်းနှင့်တွဲလုပ်မယ်ဆိုတော့ ခရီးသွားလုပ်ငန်းအတွက် အများကြီးအကျိုးရှိမယ်လို့ မြင်ပါတယ်။ အရင်က ကျွန်တော်တို့ မြိတ်ကိုသိတာလည်း ပုလဲနဲ့ပဲသိတာ
ပါ။ ပုလဲလုပ်ငန်းကို လေ့လာချင်တဲ့သူတွေ အများကြီးရှိတယ်။ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေ၊ ပုလဲဆိုတာ ဘယ်လိုထုတ်လုပ်တယ်ဆိုတာ သိချင်တဲ့ဧည့်သည်တွေ အများကြီးရှိပါတယ်။ ပုလဲစခန်း
ကတော့ မြိတ်ခရိုင်မှာတစ်ခုပဲရှိတယ်။ စနေ၊ တနင်္ဂနွေ အပတ်စဉ် လေ့လာဖို့ ပေးလာနိုင်ရင် ပိုကောင်းပါတယ်။ ကျန်တဲ့ရက်တွေမှာပုလဲလုပ်ငန်းစဉ်တွေမထိခိုက်အောင် ပုလဲစခန်းနှစ်ခုလောက် ရက်မတူအောင် ဖွင့်ရင် ပိုကောင်း ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်'' ဟု မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာ
သိန်းဆွေမြင့်က ပြောသည်။
ခရီးသွားဧည့်သည်များ ပုလဲလုပ်ငန်းများကို လေ့လာရန် ဝန်ဆောင်မှုအနေဖြင့် မုတ်ကောင်မွေးမြူထားရှိမှု ပြသခြင်း၊Floating Houseရေပေါ်အိမ်တွင် Collector ကြိုးမှအစပြု၍ မုတ်ကောင်မွေးမြူခြင်း အမျိုးအစားအဆင့်ဆင့်နှင့် Sectionလုပ်ခြင်း၊ ရေပန်းထိုးခြင်း၊ သားဖောက်ခန်းနှင့် ဝတ်ဆံသွင်းခန်းများတွင် မုတ်ကောင် သားဖောက်ခြင်း၊ ပုလဲဝတ်ဆံသွင်းခြင်း၊ ပုလဲဖော်လုပ်ငန်းများအားReject မုတ်ကောင် (သို့) ရေသေမုတ်ကောင်များနှင့် သရုပ်ဖော်ပြသပေးခြင်း၊ မုတ်ကောင်အခွံ၊ ခရုခွံတို့ဖြင့်ပြုလုပ်ထားသည့် အမှတ်တရပစ္စည်းများ ရောင်းချပေးခြင်း၊ တန်ဖိုးဖြတ်ပြီးသော တရားဝင်အသိအမှတ်ပြုသည့် ပုလဲ
များ ရောင်းချပေးခြင်း၊ ခရီးသည်များအား တစ်ပတ်လျှင်သုံးရက် (တနင်္လာ၊ ကြာသပတေး၊ စနေ)တို့တွင် လေ့လာကြည့်ရှုချိန်အား ညအိပ်ရပ်နားခြင်းမှလွဲ၍ ၁ နာရီမှ ၂ နာရီအထိ ကြည့်ရှုလေ့လာခွင့်ပြုမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ကျွန်းစခန်းများတွင် ဧည့်သည်များနားနေနိုင်ရန် ရိပ်သာဆောင်များထားရှိ၍ အဆာပြေစားသောက်နိုင်ရန် ဈေးဆိုင်များလည်း စီစဉ်ပေးမည်ဖြစ် ကြောင်း၊ အရေးအကြီးဆုံးက ခရီးသွားလုပ်ငန်းများအနေဖြင့် လေ့လာရေးမလာရောက်မီ တစ်ရက်
အလိုတွင် ခရီးသွားလာရေး သက်ဆိုင်ရာ (ဌာနနှင့်ကုမ္ပဏီရုံးခွဲ) များသို့ ကြိုတင်အကြောင်းကြား ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။
ခိုင်ထူး(မြိတ်-ပြန်/ဆက်)

No comments:

Post a Comment