Saturday, September 1, 2018

မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွန်းလာစေရေး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖျာပုံမြို့၌ ကျင်းပမည်

Image may contain: 8 people, people smiling, people standing, outdoor and nature
ဖျာပုံ သြဂုတ် ၃၁
နိုင်ငံတော်အတွက် မျိုးဆက်သစ် ဘောလုံးအားကစားသမား များပေါ်ထွက်လာစေရေး ရည်ရွယ်လျက် ဖျာပုံခရိုင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ မြို့နယ်ဘောလုံးအဖွဲ့ချုပ်(ဖျာပုံ)နှင့် ပဲ့တင်သံပရဟိတ ဘောလုံးအသင်းတို့ ပူးပေါင်းကာ အသက် ၂၅ နှစ်အောက် ခရိုင်အားကစာနှင့်ကာယပညာကော်မတီဖလား အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၂ ရက်တွင် မြို့နယ် အားကစားခန်းမ၌ ကျင်းပမည်ဖြစ်သည်။
ပြိုင်ပွဲများကို စက်တင်ဘာ ၂ ရက်တွင် စတင်၍ တစ်လကြာ ပြုလုပ်ပေးသွားမည်ဖြစ်သည်။ ပြိုင်ပွဲမှ ရရှိသော အကျိုးအမြတ်အားလုံးကို ဖျာပုံမြို့ရှိ ပဲ့တင်သံ ပရဟိတဘောလုံးအသင်းနှင့် ပူးပေါင်း၍ မြို့နယ်အားကစား ခန်းမအတွက် လိုအပ်သည်များပြင်ဆင်လှူဒါန်းပေးခြင်း၊ ပညာရေးဆိုင်ရာ ထောက်ပံ့မှုများပြုလုပ်ခြင်း၊ စာသင် ကျောင်းများအတွက် အားကစားပစ္စည်းများ ဝယ်ယူ ထောက်ပံ့ပေးခြင်း၊ အားကစားသင်တန်းများ အခမဲ့ ဖွင့်လှစ်ပေးခြင်း စသောပရဟိတလုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကျင်းပမည့် ပြိုင်ပွဲသို့ အလွှာစုံမှ အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ် ဘောလုံးအားကစားသမား ဦးရေ ၂၂ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင် ကစားကြမည်ဖြစ် ကြောင်း သိရသည်။
သူဇာနွယ်(ဖျာပုံ)

No comments:

Post a Comment