Saturday, September 1, 2018

ရခိုင်ပြည်နယ်ရှိ စစ်တွေအကျဉ်းထောင်အားစစ်ဆေး

Image may contain: 2 people, people standing and outdoor
စစ်တွေ သြဂုတ် ၃၁
ရခိုင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကျောက်သည် သြဂုတ် ၂၉ ရက် နံနက် ၉ နာရီတွင် ရုံးအဖွဲ့မှူး ဒေါ်ခင်ခင်ဆွေနှင့်အတူ စစ်တွေအကျဉ်းထောင်သို့ သွားရောက်စစ်ဆေးကြည့်ရှုစစ်ဆေးသည်။
ထောင်တာဝန်ခံအရာရှိက ရုံးခန်းတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူဦးရေ၊ အမှုစစ်ဆေးဆဲ အချုပ်ခံရသူများ၏အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စားသောက်နေထိုင်မှုနှင့် သောက်ရေရရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်အဖွဲ့သည် အကျဉ်းသားများ၏ ဥပဒေပါအခွင့်အရေးများရရှိခြင်း၊ ဆေးကုသနိုင်ရန် အခွင့်အရေးရရှိခြင်းနှင့် ကြန့်ကြာနေသော စစ်ဆေးဆဲအချုပ်သားများ ရှိ-မရှိတို့နှင့်စပ်လျဉ်း၍ အကျဉ်းသားများအား တွေ့ဆုံမေးမြန်းကာ အကျဉ်းသားများ၏ အဆောင်၊ နေရာထိုင်ခင်း၊ စားဖိုဆောင်နှင့် သောက်သုံးရေကန်တို့ကို လှည့်လည်ကြည့်ရှုပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်က လိုအပ်သည်များကို
ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment