တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဥပဒေစိတ်ပါဝင်စားပြီး ဥပဒေအရေးကို ဆောင်ရွက်ပေးနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသည့်ပြည်သူများအား ဥပဒေပိုင်းဆိုင်ရာ နား
လည်လာပြီး ဥပဒေပိုင်း အကူအညီများ ပေးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်(မြိတ်)မှ ဥပဒေအထောက် အကူပြု ရက်တို သင်တန်းဖွင့်လှစ်လျက် ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ ဥပဒေ အထောက် အကူပြုသင်တန်းကို အဆင့်တစ်ခုတည်းမဟုတ်ဘဲ အဆင့်သုံးဆက်လောက်ထိမြှင့်ပြီးပေးသွားဖို့ အစီအစဉ်တွေရှိတယ်။ သင်တန်းပြီးမြောက်သွားရင်လည်း ပြီးပြီး
သွားတာမျိုး မဟုတ်ဘဲနဲ့ သင်တန်းပြီးသွားတဲ့အပေါ် မူတည်ပြီးတော့ သူတို့ရဲ့လုပ်ငန်းခွင်မှာ ပြန်လည်အသုံးပြုနိုင်တဲ့ ဥပဒေ ဘာသာရပ်တွေနဲ့ သင်ကြားပို့ချတာ ဖြစ်တဲ့အတွက် သူတို့အတွက် အများကြီး
အကျိုးရှိပါတယ်။ ကျွန်တော်တို့ ဒေသအတွက်လည်း ဥပဒေအထောက်အကူပြု သမားတွေ အများကြီးပေါ်လာတဲ့အတွက် ဒေသအတွက်လည်း အကျိုးရှိဖို့ ကျွန်တော်တို့ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားဖို့ အစီအစဉ်တွေ ချမှတ်ထားတာရှိပါတယ်'' ဟု မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်(မြိတ်) တာဝန်ခံ ဦးစဧရာဝင်းက ပြောသည်။

''ကျောင်းသား တစ်ယောက်အနေနဲ့ သိသင်သိထိုက်တဲ့ ဥပဒေပညာရပ်တွေကို သိခွင့်ရချင်တယ်။ အဲဒီ ဥပဒေပညာရပ် တွေကို အကောင်းဆုံးအသုံးချချင်တယ်။ ကျွန်တော်တို့လူငယ်တွေအနေနဲ့ ဥပဒေ
ဘက်ခြမ်းမှာ အများကြီးအားနည်းကြ တယ်။ ဥပဒေအကြောင်းကို သိပ်မသိကြဘူး။ အဲဒါကြောင့် ဒီဥပဒေအကြောင်းတွေကို အားလပ်ရက်မှာ လာတက်ပြီးတော့ သုံးရက်တာသင်တန်းမှာ ကျွန်တော့်
အတွက် ကောင်းကျိုးဖြစ်စေရမယ်။ ပြီးတော့ ကျွန်တော့်ရဲ့ကျောင်း၊ ကျွန်တော့်ရဲ့ရပ်ရွာအကျိုးကို ဆောင်ရွက်ချင်ပါတယ်'' ဟု နည်းပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသား မောင်အောင်ဘုန်းခန့်က သူ၏သင်တန်းတက်ရတဲ့ ရည်ရွယ်ချက် ကို ပြောပြသည်။

ဥပဒေအထောက်အကူပြု သင်တန်း ကို စက်တင်ဘာ ၁ ရက်တွင် ဖွင့်လှစ်ခဲ့ ပြီး သင်တန်းတွင် ဥပဒေအထောက်အကူ ပြုရေးလုပ်ငန်း၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များ၊ တရားစီရင်
ရေး ဗဟုသုတများနှင့် ကလေးသူငယ်ဥပဒေ၊ အမျိုးသမီးအခွင့်အရေးနှင့် အမျိုးသမီးများကာကွယ်ပေးသည့် ဥပဒေ၊ ပြစ်မှု၊
တရားမ၊ မြေယာ၊ ရုံးစာရေးသားနည်း၊ အမှုတွဲ Form ဖွင့်လှစ်ခြင်း ဘာသာရပ်များကို သင်တန်းသား၊ သင်တန်းသူ ၄၇ ဦးအား
သင်တန်းနည်းပြ ဥပဒေပညာရှင် ခြောက်ဦးက စာတွေ့လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)
No comments:
Post a Comment