Tuesday, September 4, 2018

အသက် ၉ဝ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်

Image may contain: 6 people, people smiling, people standing
တီးတိန် စက်တင်ဘာ ၃
ချင်းပြည်နယ် တီးတိန်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက်ကလေးများအား သတ္တမအကြိမ်ထောက်ပံ့ကြေးနှင့် အသက် ၉ဝ နှစ် အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၃ ရက် နံနက် ၁ဝ နာရီက ပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအေးမင်းညွန့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆွတ်ဒိုးကျင့်နှင့် ဦးထန်ဒိတ်ခုပ်တို့က အမှာစကားပြောကြားကြပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် နှစ်နှစ်အောက်ကလေးများ၊ အသက် ၉ဝ နှစ်အထက် ဘိုးဘွား ၄၉ ဦးတို့အား ထောက်ပံ့ကြေးနှင့် လူမှုရေး
ပင်စင်များပေးအပ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment