Tuesday, September 4, 2018

ဆွာချောင်းရေလွှမ်းမှုကြောင့် သဲနုန်းဖုံးသွားသည့်လယ်မြေများအားသင့်တော်သည့်သီးနှံများစိုက်ပျိုးနိုင်ရန် ဆောင်ရွက်ပေး

Image may contain: one or more people, sky, outdoor and nature
ရေတာရှည် စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် ဆွာချောင်းရေလျှံမှုကြောင့် မိုးစပါးစိုက်ပျိုးပြီးသည့် လယ်မြေ ၆ဝ၉ ဧက သဲနုန်းများ ဖုံးလွှမ်းသွားခဲ့ ရာ အဆိုပါလယ်မြေများတွင် အခြား သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေး အတွက် ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၅) နေပြည်တော် မှ ဒိုဇာ ၁၅ စီး၊ ဘက်ဟိုး နှစ်စီး၊ ဒမ်ပါယာဉ်နှစ်စီးဖြင့် သဲနုန်းများကို ရှင်းလင်းဖယ်ရှားပေးလျက်ရှိပြီး ပဲခူး တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီး ဌာနမှ ထွန်စက်အစီးရေ ၃ဝ ဖြင့် ဧကကွက်များဖော်ပေးခြင်း၊ မြေညှိ ပေးခြင်းနှင့် ထွန်ယက်ခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရေတာရှည်မြို့နယ် စက်မှု လယ်ယာဦးစီးဌာန မြို့နယ်ဦးစီး အရာရှိ ဦးသန်းဦးက ပြောကြား သည်။
''တိုင်းတာရေး လုပ်ငန်းတွေကို နှစ်ရက်အတွင်း အပြီးဆောင်ရွက်မှာ ပါ။ တောင်သူတွေလက်ရှိပိုင်ဆိုင်တဲ့ ဧကတွေကို ပြန်ဖော်ပေးမယ်။ အရင်လို နှစ်ဧကရှိတဲ့သူက နှစ်ဧကတော့ အတိအကျမရနိုင်ဘူးပေါ့။ နည်းနည်း တော့ လျော့သွားမယ်။ တောင်သူတွေ ကိုလည်း ရှင်းပြပြီးပါပြီ။ လက်ရှိ တိုင်းတာတွေ့ရှိချက်အရတော့ သဲနုန်း ဖုံးသွားတာ ၆ဝ၉ ဧကရှိပါတယ်''ဟု တောင်ငူခရိုင် လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးစိုးမြင့်နိုင်က ပြောကြား သည်။
လက်ရှိမြေအနေအထားအရ စပါး စိုက်ပျိုးရန် မဖြစ်နိုင်တော့သည့် အတွက် အခြားဆောင်းသီးနှံများ ဖြစ်သည့် အာလူး၊ မြေပဲတို့ကို စိုက်ပျိုးရန် လျာထားသည့်ကိစ္စနှင့် ပတ်သက်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးဝင်းမြင့်က ''တောင်သူတွေ အနေနဲ့ မြေပဲစိုက်မလား၊ အာလူး စိုက်မလား၊ ကိုယ်တိုင်စိုက်မယ်ဆိုရင် မျိုးကို စီစဉ်ပေးမယ်။ ဒါမှမဟုတ် ကန်ထရိုက်စနစ်နဲ့လုပ်မလား၊ မြေငှား မလား ဆိုတာ တောင်သူတွေနဲ့ဆက်ပြီး ညှိနှိုင်းရဦးမယ်''ဟု ပြောကြားသည်။
ဒေသခံတောင်သူများအနေဖြင့် လက်ရှိ ကိုယ်တိုင်စိုက်ပျိုးပါက စိုက်ပျိုးမည့်သီးနှံနှင့် ရင်းနှီးကျွမ်းဝင် မှုအားနည်းသည့်အတွက် မြေကို တစ်ရာသီစာ ငှားရမ်းလုပ်ကိုင်လိုသော ဆန္ဒရှိနေပြီး အခြားသော စိုက်ပျိုး လိုသည့်ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုပါက တောင်သူ အားလုံးသဘောတူညီရန် လိုအပ် ကြောင်း တာဝန်ရှိသူတစ်ဦးက သုံးသပ် ပြောကြားသည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment