Tuesday, September 4, 2018

အစ္စရေးနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး သမ္မတ ဒူတာတေး ချစ်ကြည်ရေးခရီးစတင်

Image may contain: 2 people, people standing and suit
ဂျေရုဆလင် စက်တင်ဘာ ၃
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးသည် လေးရက်ကြာ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့သို့ စက်တင်ဘာ ၂ ရက် ညနေခင်းတွင် ရောက်ရှိလာခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက စက်တင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။
ဖိလစ်ပိုင်သမ္မတတစ်ဦးအနေဖြင့် အစ္စရေးနိုင်ငံသို့ လာရောက်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။ သမ္မတဒူတာတေးသည် ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် သမ္မတ ရူဗင်ရီဗလင်းတို့ အပါအဝင် အစ္စရေး ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဟု မျှော်လင့်ရသည်။
ပူးပေါင်းဆောင်ရွက်
မိမိ၏နိုင်ငံသည် ကာကွယ်ရေးနှင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးနှင့် ပင်လယ်ရပ်ခြားအလုပ်သမားများအား ကာကွယ်စောင့်ရှောက် ရေးတို့နှင့်ပတ်သက်၍ အစ္စရေးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည်ဖြစ်ကြောင်း သမ္မတ ဒူတာတေးက ပြောကြားသည်။
ဖိလစ်ပိုင်အစိုးရအဖွဲ့ထံသို့ အစ္စရေးက လက်နက်တင်ပို့ရောင်းချရေးကိစ္စမှာ ခေါင်းဆောင်များဆွေးနွေးမည့် အဓိကကိစ္စရပ်တစ်ရပ်ဖြစ်ကြောင်း အစ္စရေးမီဒီယာက ဖော်ပြသည်။
ဖိလစ်ပိုင်နိုင်ငံ၏ အင်အား ၁၂ဝဝဝဝ ရှိ ရဲတပ်ဖွဲ့အတွက် ဂါလီအမျိုးအစား ချေမှုန်းရေး ရိုင်ဖယ်သေနတ် များနှင့် ပစ္စတိုသေနတ်များကဲ့သို့သော လက်နက်များကို မကြာသေးမီက အစ္စရေးနိုင်ငံက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သမ္မတဒူတာတေးသည် အစ္စရေးနိုင်ငံ၌ နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသော ဖိလစ်ပိုင်လူမျိုးများနှင့် ခရီးစဉ်ပထမနေ့မှာပင် တွေ့ဆုံခဲ့သည်။ အစ္စရေးနိုင်ငံ၌ ဖိလစ်ပိုင်လူမျိုး ၂၈ဝဝဝ ခန့်ရှိပြီး ၎င်းတို့အနက် အများစု မှာ ကျန်းမာရေးလုပ်သားများဖြစ်ကြသည်။
ဆင်ဟွာ၊ အေအက်ဖ်ပီ

No comments:

Post a Comment