Saturday, September 1, 2018

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

Image may contain: 2 people, crowd and indoor
ပုသိမ် သြဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး စတုတ္ထအကြိမ်မြောက် ဒေသန္တရစီးပွားဖွံ့ဖြိုးမှုစီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကိုသြဂုတ် ၃၁ ရက် နံနက် ၉ နာရီက ပုသိမ်မြို့ ဟိုတယ်၌ ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်က ပြည်ထောင်စုဘဏ္ဍာငွေ၊ တိုင်းဒေသကြီး ရန်ပုံငွေများဖြင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို မဟာဗျူဟာကျကျဖြင့်ဆောင်ရွက်သွားကြရေးတို့ကို ရှင်းလင်း ဆွေးနွေးပြောကြားသည်။
အခမ်းအနားသို့ တက်ရောက်လာသူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သစ်တောကဏ္ဍ၊ အခြေခံအဆောက် အအုံ ဖွံ့ဖြိုးရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုကဏ္ဍ၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု၊ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးအခွင့်အလမ်း
စသော အချက်အလက်များကို တာဝန်ရှိသူများက ဆွေးနွေးပြောကြားခဲ့ကြ ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိများ တက်ရောက်ကြသည်။
ပုသိမ်ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment