Saturday, September 1, 2018

လာမည့်ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်သုံးစွဲရန် ဂျပန်စီစဉ်

Image may contain: sky and airplane
ကျိုတို သြဂုတ် ၃၁
ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက နိုင်ငံ၏လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်နိုင်ရေး အတွက် လာမည့်နှစ် ရသုံးငွေပမာဏ ကို စံချိန်တင်တိုးမြှင့်တောင်းခံရန် စီစဉ်ထားကြောင်း ယနေ့အင်န်အိတ်ခ်ျ ကေ သတင်းတစ်ရပ်အရ သိရသည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် တာဝေးပစ်ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်နေစဉ် တရုတ်နိုင်ငံကလည်း ပင်လယ်ရေကြောင်း ကာကွယ်ရေး လုပ်ဆောင်ချက်များကို တိုးမြှင့်လုပ် ဆောင်လျက်ရှိသည်။ ထိုကဲ့သို့သော အချိန်တွင် ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏ ကာကွယ်ရေးအဆင့်ကို တိုးမြှင့်ရန် စီစဉ်မှုများ ပြုလုပ်လျက်ရှိသည်။
ကာကွယ်ရေး ဒုတိယဝန်ကြီး အီဆုနိုရီ အိုနိုဒီရာနှင့် တာဝန်ရှိသူ များက ၂ဝ၁၉ ခုနှစ် ဧပြီလတွင် စတင်မည့် ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ယန်း ၅ ဒသမ ၃ ထရီလီယံ (ဒေါ်လာ ၄၇ ဒသမ ၇ ဘီလီယံ)ခန့် တောင်းခံရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကာကွယ်ရေးအသုံးစရိတ် သည် ယခုနှစ်အသုံးစရိတ်ထက် ၂၁ ရာခိုင်နှုန်း ပိုမိုများပြားလျက်ရှိကြောင်း တွေ့ရသည်။
ယင်းကာကွယ်ရေး အသုံးစရိတ် တွင် the Aegis Ashore မြေစိုက် ဒုံးကျည်စနစ်များ ဖြန့်ကြက်တပ်ဆင် မည်ဖြစ်သည့်အပြင် အဆိုပါ ဒုံးကျည် စနစ်အတွက် ယူနစ်နှစ်ခုထပ်မံတိုးချဲ့ ရန် စီစဉ်ထားကြောင်း သိရသည်။
ယူနစ်တစ်ခုစီအတွက် ဒေါ်လာ သန်း ၇၂ဝ ခန့် ကုန်ကျမည်ဖြစ် ကြောင်း ခန့်မှန်းတွက်ချက်ထားသည်။
ထို့ပြင် တရုတ်နိုင်ငံက ပင်လယ် ရေကြောင်းဆိုင်ရာ ကာကွယ်ရေး အဆင့်မြှင့်တင်မှုများ ဆောင်ရွက် လျက်ရှိသည့်အတွက် ဂျပန်နိုင်ငံအနေ ဖြင့်၎င်း၏ ရေပိုင်နက်များအပါအဝင် ဝေးလံသောကျွန်းများအတွက် လုံခြုံ ရေးဆောင်ရွက်ရန် အဆိုပါ ကာကွယ် ရေး အသုံးစရိတ်တွင် ထည့်သွင်းရေး ဆွဲထားကြောင်း သိရသည်။
အက်ဖ်-၃၅အေ ရေဒါဖမ်းမရသော တိုက်လေယာဉ်ခြောက်စင်း ဝယ်ယူ ရန် စီစဉ်ထားသည့်အပြင် ပဲ့ထိန်း ဒုံးကျည်များ သယ်ဆောင်နိုင်သော အက်ဖ်-၁၅ တိုက်လေယာဉ်များကို အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း သိရ သည်။
ထို့ပြင် ကမ္ဘာပတ်လမ်းကြောင်း အတွင်းရှိ မည်သည့်လှုပ်ရှားမှုကိုမဆို ထောက်လှမ်းကြည့်ရှုနိုင်သည့် ရေဒါ စနစ်တပ်ဆင်ရန် အဆိုပါ ကာကွယ် ရေးအသုံးစရိတ်တွင် ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment