Saturday, September 1, 2018

လာအိုတောင်ပိုင်းရေလွှမ်းမှု ခြောက်ဦးသေဆုံး

Image may contain: 1 person, outdoor
ဗီယန်ကျင်း သြဂုတ် ၃၁
လာအိုနိုင်ငံတောင်ပိုင်း၌ ရေလွှမ်းမှုဖြစ်ပွားရာ ခရိုင်ငါးခရိုင်ရှိ ကျေးရွာ ၅၈ ရွာတို့မှ အိမ်ထောင်စုပေါင်း ၉၁၆ စုတို့ ရေဘေးအန္တရာယ် တွေ့ကြုံခံစား ကြရပြီး ရေဘေးကြောင့် ခြောက်ဦးသေဆုံးခဲ့ရကြောင်း ဗီယန်ကျင်းတိုင်းမ် သတင်းစာက သြဂုတ် ၃၁ ရက်၌ ရေးသားဖော်ပြသည်။
မကြာသေးမီကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လာအို နိုင်ငံ၏ ဒေသအများအပြားမှာ ရေလွှမ်းမိုးမှုဒဏ်ကို တွေ့ကြုံခဲ့ရသည်။ လာအို အာဏာပိုင်များသည် ယခုအခါ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးရမှု အခြေအနေ နှင့် ပတ်သက်နေသော အစီရင်ခံစာကို ထုတ်ပြန်နိုင်ပြီဖြစ်သည်။
လာအိုနိုင်ငံ မြို့တော်ဗီယန်ကျင်းမြောက်ဘက် ကီလိုမီတာ ၂၂ဝ ခန့်အကွာ လွမ်ပရာဘန်းပြည်နယ် အာဏာပိုင်များက အစီရင်ခံစာထုတ်ပြန်မှု ပြုလုပ်ခဲ့ သည်။ လာအိုအလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီး ကမ်ပန့်ဆေဆွမ်ပန်းနှင့်တကွ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဆင်ဟွာ

No comments:

Post a Comment